လက်ပံတန်း🐕ကင်နှင့်အထွက်တိုးစပါးခင်း

လက်ပံတန်း🐕ကင်နှင့်အထွက်တိုးစပါးခင်း

လက်ပံတန်း တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်ကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ ပစ်ထားသဖြင့် ပုတ်စော်နံနေ

ရန်ကုန်၊ ဩဂုတ် ၂၅

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်မှာ ကောက်ယူမည့်သူ မရှိဘဲ ဖြစ်နေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သား အလောင်းများကိုပါ PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများကို လက်ရှိချိန်အထိ ကောက်ယူမည့်သူမရှိသေးဘဲ ပုတ်စော်နံ့များထွက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လာရောက် ကောက်ယူ သဂြိုလ်ပေးခြင်းမရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အားလုံးပေါင်း စစ်ခွေး အလောင်း ၂၀ ကျော်တွေ့တယ်။ တချို့ စစ်ခွေး အလောင်းတွေဆို လယ်ထဲမှာပုတ်စော်နံနေပြီ အလောင်းလာကောက်သူ မရှိဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပြီး G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *