သာလီစွာပါ နာရေးလုပ်ရလွယ်အောင်နာမည်ပါထည့်ထားပေးတယ်

သာလီစွာပါ နာရေးလုပ်ရလွယ်အောင်နာမည်ပါထည့်ထားပေးတယ်

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားကြောင်း ရေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သပြုချိုင်ရှိ ရေတပ်သင်္ဘောများလည်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး ပစ္စည်းတင်သည့် သင်္ဘောတစ်စီးလည်း ပျက်စီးသွားကြောင်း၊

“မနေ့က သံတွဲ၊မောင်ရွှေလေးရေတပ်စခန်း အတိုက်ခံရတယ်။ ရေတပ်က အတော် သေဆုံးမှုများတယ်။ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးဖြိုးမောင်မောင်လည်း သေ ဆုံးပါတယ်။ ဗိုလ်မှူးဖြိုးမောင်မောင်က DSA အပတ်စဉ် ၄၆ ကျောင်းဆင်းပါ။ ကျန်ရစ်သူ မိသားစုက စင်ကာပူသံရုံးနားမှာရှိတဲ့ ဘုရင့်နောင်ရေတပ်ရိပ်သာမှာနေတယ်၊ အခုမိသားစုကို ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ခိုင်းဘူး။ ဘယ်သူမှလည်းလာတွေ့ခွင့်မရှိဘူး။ ဗိုလ်မှူးဖြိုးမောင်မောင်မှာ ကလေး ၂ ယောက်ကျန်ခဲ့တယ်၊၁၀နှစ် ၁ယောက်၊ ၁နှစ်ခွဲ၁ယောက်” ဟု ရေတပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် AA ၏ တိုက်ခိုက်မှုကြောင့်သပြုချိုင်ရေတပ်စခန်းတွင် ရှိနေသည့် ရေတပ်သင်္ဘောများ ထိခိုက်ပစ္စည်းမှုရှိပြီး ပစ္စည်းသယ်ယူသည့် သင်္ဘောတစ်စီးလည်း ထိခိုက်သွားကြောင်း၊ ရေတပ်တွင် ကျည်ဆန်ခဲယမ်းမလုံလောက်သည့် ပြဿနာကြုံတွေ့နေရကြောင်း ရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“သပြုချိုင် မှာရှိနေတဲ့ ရေတပ်ရေယာဉ်တွေလည်း အပစ်ခံရပြီးတော့ ထိတယ်။ ရေတပ်ကကျည်တွေမလောက်တာဖြစ်နေတယ်။ ပစ္စည်းတင်တဲ့သင်္ဘောတစ်စီးလည်း ထိခိုက်ထားတယ်။ ရေတပ်မိသားစုတွေအကုန်ထိတ်လန့်နေကြပြီ၊ဗိုလ်တထောင်သံလျက်စွန်းရေတပ်နဲ့ ဘုရင့်ရိပ် သာကသူတွေက ရခိုင်ရောက်နေတာဆိုတော့ အထိများတယ်၊ မောင်ရွှေလေးရေတပ်က သူတွေ မောင်းတောကိုပို့ထားတာ အကုန်လုံးနီးပါးသေတယ်၊ရတဲ့အလောင်းတွေစစ်တွေမှာယူပြီးပြန်သင်္ဂြိုလ်တယ်၊မောင်ရွှေလေးက အင်အားမရှိဘူး၊ပင်လယ်ထဲကျောက်ချနေတဲ့ရေတပ်သ င်္ဘောကပစ်ကူပေးတယ်။ ကင်းဝိုင်း၊သပြုချိုင်၊ မောင်ရွှေလေးက ရေတပ်နယ်မြေတွေဖြစ်ပါတယ်” ဟုရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- AA ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

သံတြဲၿမိဳ႕နယ္၊ ေမာင္ေ႐ႊေလးေရတပ္စခန္းကို AA က ဝင္ေရာက္တိုက္ခိုက္မႈ ဗိုလ္မႉး ၿဖိဳးေမာင္ေမာင္ အပါအဝင္ ေရတပ္သားအမ်ားအျပား ေသဆုံး၊ AA၏ ပစ္ခတ္မႈေၾကာင့္ ေရတပ္ေရယာဥ္မ်ား ထိခိုက္ပ်က္စီး
ရန္ကုန္၊ ဩဂုတ္ ၂၆
ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္ရွိ ေမာင္ေ႐ႊေလးေရတပ္စခန္းကို AA က ဝင္ေရာက္တိုက္ခိုက္ရာ ဗိုလ္မႉး ၿဖိဳးေမာင္ေမာင္ အပါအဝင္ ေရတပ္သားအမ်ားအျပား ေသဆုံးသြားေၾကာင္း ေရတပ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ယမန္ေန႔ ဩဂုတ္လ ၂၅ ရက္ေန႔တြင္ သံတြဲၿမိဳ႕နယ္၊ ေမာင္ေ႐ႊေလး ေရတပ္စခန္းကို AA က ဝင္ေရာက္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း၊ သျပဳခ်ိဳင္ရွိ ေရတပ္သေဘၤာမ်ားလည္း ေရွာ့တိုက္ဒုံးျဖင့္ အပစ္ခံရၿပီး ပစၥည္းတင္သည့္ သေဘၤာတစ္စီးလည္း ပ်က္စီးသြားေၾကာင္း၊
“မေန႔က သံတြဲ၊ေမာင္ေ႐ႊေလးေရတပ္စခန္း အတိုက္ခံရတယ္။ ေရတပ္က အေတာ္ ေသဆုံးမႈမ်ားတယ္။ တပ္မႉးျဖစ္တဲ့ ဗိုလ္မႉးၿဖိဳးေမာင္ေမာင္လည္း ေသ ဆုံးပါတယ္။ ဗိုလ္မႉးၿဖိဳးေမာင္ေမာင္က DSA အပတ္စဥ္ ၄၆ ေက်ာင္းဆင္းပါ။ က်န္ရစ္သူ မိသားစုက စင္ကာပူသံ႐ုံးနားမွာရွိတဲ့ ဘုရင့္ေနာင္ေရတပ္ရိပ္သာမွာေနတယ္၊ အခုမိသားစုကို ဘယ္သူနဲ႔မွအဆက္အသြယ္မလုပ္ခိုင္းဘူး။ ဘယ္သူမွလည္းလာေတြ႕ခြင့္မရွိဘူး။ ဗိုလ္မႉးၿဖိဳးေမာင္ေမာင္မွာ ကေလး ၂ ေယာက္က်န္ခဲ့တယ္၊၁၀ႏွစ္ ၁ေယာက္၊ ၁ႏွစ္ခြဲ၁ေယာက္” ဟု ေရတပ္သတင္းရင္းျမစ္က ရွင္းျပသည္။
ထို႔ျပင္ AA ၏ တိုက္ခိုက္မႈေၾကာင့္သျပဳခ်ိဳင္ေရတပ္စခန္းတြင္ ရွိေနသည့္ ေရတပ္သေဘၤာမ်ား ထိခိုက္ပစၥည္းမႈရွိၿပီး ပစၥည္းသယ္ယူသည့္ သေဘၤာတစ္စီးလည္း ထိခိုက္သြားေၾကာင္း၊ ေရတပ္တြင္ က်ည္ဆန္ခဲယမ္းမလုံေလာက္သည့္ ျပႆနာႀကဳံေတြ႕ေနရေၾကာင္း ေရတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။
“သျပဳခ်ိဳင္ မွာရွိေနတဲ့ ေရတပ္ေရယာဥ္ေတြလည္း အပစ္ခံရၿပီးေတာ့ ထိတယ္။ ေရတပ္ကက်ည္ေတြမေလာက္တာျဖစ္ေနတယ္။ ပစၥည္းတင္တဲ့သေဘၤာတစ္စီးလည္း ထိခိုက္ထားတယ္။ ေရတပ္မိသားစုေတြအကုန္ထိတ္လန႔္ေနၾကၿပီ၊ဗိုလ္တေထာင္သံလ်က္စြန္းေရတပ္နဲ႔ ဘုရင့္ရိပ္ သာကသူေတြက ရခိုင္ေရာက္ေနတာဆိုေတာ့ အထိမ်ားတယ္၊ ေမာင္ေ႐ႊေလးေရတပ္က သူေတြ ေမာင္းေတာကိုပို႔ထားတာ အကုန္လုံးနီးပါးေသတယ္၊ရတဲ့အေလာင္းေတြစစ္ေတြမွာယူၿပီးျပန္သၿဂႋဳလ္တယ္၊ေမာင္ေ႐ႊေလးက အင္အားမရွိဘူး၊ပင္လယ္ထဲေက်ာက္ခ်ေနတဲ့ေရတပ္သ ေဘၤာကပစ္ကူေပးတယ္။ ကင္းဝိုင္း၊သျပဳခ်ိဳင္၊ ေမာင္ေ႐ႊေလးက ေရတပ္နယ္ေျမေတြျဖစ္ပါတယ္” ဟုေရတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။
ဓာတ္ပုံ- AA ၏ တိုက္ခိုက္မႈေၾကာင့္ ပ်က္စီးသြားေသာ စစ္ေကာင္စီတပ္၏ စစ္သေဘၤာတစ္စီး။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *