ဒု-🐕ဗကတစ်ကောင် သေချာဆုံးမပေးလိုက်

ဒု-🐕ဗကတစ်ကောင် သေချာဆုံးမပေးလိုက်

သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို လက်ရဖမ်းဆီးရရှိ၊

လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၆ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို လက်ရဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသ သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ရှိ သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင် သိရှိရသည်။

သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးရဲဘော် ရဲဘော် (၄) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *