သွားသတိ စားသတိ ခဝေးဆွဲခံရမယ်

သွားသတိ စားသတိ ခဝေးဆွဲခံရမယ်

မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေပြီး စျေးဆိုင်နှင့်လက်ဖက်ရည်ဆိုင်များထဲအထိ ဝင်ဖမ်း၊ ပြည်သူ ၅၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ

ဩဂုတ် ၂၆

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် အနီးပတ်၀န်းကျင်ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ မုံရွာမြို့ပေါ် ရပ်ကွက်အများအပြားနှင့် မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြို့ထဲက လမ်းတွေမှာ ဒီနေ့ တော်တော်ဆိုးတယ်၊စစ်ဆေးဖမ်းဆီးတာက၊ ဆိုင်တွေထဲအထိ ၀င်ဆွဲတယ်၊တောင်လက်ကလာတဲ့လူငယ်တွေ

ဖမ်းတယ်၊ သက်ကြီးပိုင်းတွေကို ဖမ်းပြီး ပိုက်ဆံတောင်းတယ်”ဟု မုံရွာမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

မုံရွာမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က အိမ်စီးကားများ၊ ခွေးဘီလူးကားများဖြင့် လှည့်ပြီး ဖမ်းဆီးမှုများလုပ်ဆောင်ကြောင်း၊ မုံရွာမြို့ပေါ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုနှင့် ကိတ်မုန့်ဆိုင်တစ်ခုမှ လူငယ် အမျိုးသားဝန်ထမ်းများကိုလည်း စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာမြို့တောင်ဘက်အထွက် ရွှေကုန်းရပ်ကွက်နှင့် မုံရွာမြို့၏ တောင်ဘက် ကျေးရွာများကိုလည်း စစ်ကြောင်းထိုးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“မုံရွာ-အမြင့်လမ်းပိုင်းကို ပိတ်လိုက်တယ်၊ ၊ခွေးတွေ(စကစ)က တွေ့သမျှဖမ်း နေလို့ ပိတ်လိုက်တာ၊ရွှေကုန်းထဲကတွေ့သမျှဖမ်းတယ်၊တောင်လက်က အလုပ်သမားတွေလည်း မလာဘူး၊လမ်းကစောင့်ဖမ်းနေတယ်ကြားလို့”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ သိရှိထားချက်အရ မုံရွာတောင်နယ် ကျေးရွာများမှ ပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ပြည်သူများစွာ အဓ္ဓမဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် စစ်တပ်က ပြည်သူများကို တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။

မုံ႐ြာၿမိဳ႕ႏွင့္ ေက်း႐ြာမ်ားမွ ျပည္သူမ်ားကို စစ္ေကာင္စီတပ္က စစ္မႈထမ္းခိုင္းရန္ ေပၚတာဆြဲ အဓမၼဖမ္းဆီးေနၿပီး ေစ်းဆိုင္ႏွင့္လက္ဖက္ရည္ဆိုင္မ်ားထဲအထိ ဝင္ဖမ္း၊ ျပည္သူ ၅၀ ေက်ာ္ထက္မနည္း ဖမ္းဆီးခံထားရ
ဩဂုတ္ ၂၆
စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ႏွင့္ အနီးပတ္၀န္းက်င္ေက်း႐ြာမ်ားမွ ျပည္သူမ်ားကို စစ္ေကာင္စီတပ္က စစ္မႈထမ္းခိုင္းရန္ ေပၚတာဆြဲဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ယမန္ေန႔ ဩဂုတ္လ ၂၅ ရက္ေန႔ မုံ႐ြာၿမိဳ႕ေပၚ ရပ္ကြက္အမ်ားအျပားႏွင့္ မုံ႐ြာၿမိဳ႕ေတာင္ဘက္ရွိ ေက်း႐ြာမ်ားကို စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္းၿပီး ေဒသျပည္သူမ်ားကို ေပၚတာဆြဲ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ၿမိဳ႕ထဲက လမ္းေတြမွာ ဒီေန႔ ေတာ္ေတာ္ဆိုးတယ္၊စစ္ေဆးဖမ္းဆီးတာက၊ ဆိုင္ေတြထဲအထိ ၀င္ဆြဲတယ္၊ေတာင္လက္ကလာတဲ့လူငယ္ေတြ
ဖမ္းတယ္၊ သက္ႀကီးပိုင္းေတြကို ဖမ္းၿပီး ပိုက္ဆံေတာင္းတယ္”ဟု မုံ႐ြာၿမိဳ႕မွ ျပည္သူတစ္ဦးက ရွင္းျပသည္။
မုံ႐ြာၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ စစ္ေကာင္စီတပ္က အိမ္စီးကားမ်ား၊ ေခြးဘီလူးကားမ်ားျဖင့္ လွည့္ၿပီး ဖမ္းဆီးမႈမ်ားလုပ္ေဆာင္ေၾကာင္း၊ မုံ႐ြာၿမိဳ႕ေပၚမွ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္တစ္ခုႏွင့္ ကိတ္မုန႔္ဆိုင္တစ္ခုမွ လူငယ္ အမ်ိဳးသားဝန္ထမ္းမ်ားကိုလည္း စစ္တပ္က ဖမ္းဆီးသြားခဲ့ေၾကာင္း သိရွိရသည္။
ထို႔ျပင္ မုံ႐ြာၿမိဳ႕ေတာင္ဘက္အထြက္ ေ႐ႊကုန္းရပ္ကြက္ႏွင့္ မုံ႐ြာၿမိဳ႕၏ ေတာင္ဘက္ ေက်း႐ြာမ်ားကိုလည္း စစ္ေၾကာင္းထိုးဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။
“မုံ႐ြာ-အျမင့္လမ္းပိုင္းကို ပိတ္လိုက္တယ္၊ ၊ေခြးေတြ(စကစ)က ေတြ႕သမွ်ဖမ္း ေနလို႔ ပိတ္လိုက္တာ၊ေ႐ႊကုန္းထဲကေတြ႕သမွ်ဖမ္းတယ္၊ေတာင္လက္က အလုပ္သမားေတြလည္း မလာဘူး၊လမ္းကေစာင့္ဖမ္းေနတယ္ၾကားလို႔”ဟု ေဒသျပည္သူတစ္ဦးက ဆိုသည္။
လက္ရွိ သိရွိထားခ်က္အရ မုံ႐ြာေတာင္နယ္ ေက်း႐ြာမ်ားမွ ျပည္သူ ၅၀ ေက်ာ္ကို စစ္ေကာင္စီတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္လည္း ျပည္သူမ်ားစြာ အဓၶမဖမ္းဆီးခံထားရေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- မႏၲေလးတြင္ စစ္တပ္က ျပည္သူမ်ားကို တားဆီးစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *