ကျောင်းတက်ကြပါဟ ဘာဖစ်လို့လဲ ခုမှဘာကြောက်နေလဲ

ကျောင်းတက်ကြပါဟ ဘာဖစ်လို့လဲ ခုမှဘာကြောက်နေလဲ

ပြင်ဦးလွင်ရှိ စစ်တပ် စာသင်ကျောင်းများတွင် စစ်အရာရှိများ၏ ဇနီး ကျောင်း ဆရာမများ ကျောင်းလုံး၀ မတက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်၊ ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း လက်နက်ကြီးသံများ ဆူညံနေခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တပ်စာသင်ကျောင်းများတွင် စစ်အရာရှိများ၏ ဇနီ ကျောင်းဆရာများ ကျောင်းလုံး၀ မတက်တော့ဘဲ ထွက်ပြေး တိမ်း ရှောင်ပြီး စာလည်း မသင်တော့ကြောင်း ပြင်ဦးလွင် တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း အပါအဝင် ကကပြည် လက်အောက်ခံ တပ်ကျောင်းများတွင် စစ်အရာရှိကြီးများ၏ ဇနီး ကျောင်း ဆရာမများ စစ်ပွဲ ဖြစ်လာတော့မည်ကိုအကြောင်းပြပြီး ကျောင်းလုံးဝ မတက်တော့ကြောင်း၊ စာလည်း မသင်တော့ကြောင်း၊ သို့ရာတွင် လစာပုံမှန်ထုတ်ယူ စားသောက်နေကြကြောင်း သိရှိရသည်။

“စစ်တပ်လက်အောက်ခံ အခြေခံမူလတန်း၊ အလယ်တန်းနဲ့ အထက်ကျောင်းတွေမှာ စစ်အရာရှိ ဇနီး ကတော် ကျောင်းဆရာမတွေက ကျောင်း လည်း မတက်တော့ဘူး။ တချို့တွေကတော့ ထွက်ပြေးကုန်ကြတာ။ တချို့တွေကတော့ ကျောင်းမတက်ဘဲ မလာကြတော့တာ။ စာလည်းမသင်တော့ဘူး။ ကျောင်းသားတွေ စာမသင်ရတာ ၂ လ လောက်ရှိပါပြီ။ မြို့နယ်တို့ ခရိုင်တို့ကလည်း ဘာမှ ထိထိရောက်ရောက်အရေးမယူရဲဘူး။ ပြီးတော့ စာသင်ကျောင်းတွေမှာ ရာထူးအလိုက်ခွဲခြားဆက်ဆံပြီး တပ်ပုံစံအုပ်ချုပ်နေပါတယ်” ဟု တပ်သတင်းရင်း မြစ်က ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ည ၇ နာရီ ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်များက လက်နက် ကြီးမျာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပြင်ဦးလွင်က အမြောက်တွေနဲ့ မနေ့ ည ၇ နာရီခန့်မှစ၍ ပစ်ခတ်သံကြားရတယ်။ ပစ်ခတ်သံ အလွန်စွာကျယ်လောင်ခဲ့တယ်။ ပြင်ဦးလွင်ဘက်က နောင်ချိုတောင်ခမ်းဘက်ကို လှမ်းပစ်တာလို့ သိရတယ်။ ပြင်ဦးလွင်တစ်မြို့လုံးတော့ မနေ့ညက အထိတ်တလန့်ဖြစ်ခဲ့ရတယ်” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်က လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး ရပ်ကွက်များအတွင်းသို့ လူစိမ်းဝင်ရောက်လျှင် ချက်ချင်းအကြောင်း ကြား ရန် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်း မြို့ကြီးများတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ျပင္ဦးလြင္ရွိ စစ္တပ္ စာသင္ေက်ာင္းမ်ားတြင္ စစ္အရာရွိမ်ား၏ ဇနီး ေက်ာင္း ဆရာမမ်ား ေက်ာင္းလုံး၀ မတက္ေတာ့ဘဲ ထြက္ေျပးတိမ္းေရွာင္၊ ျပင္ဦးလြင္တြင္ ယမန္ေန႔ညပိုင္း လက္နက္ႀကီးသံမ်ား ဆူညံေနခဲ့
ရန္ကုန္၊ စက္တင္ဘာ ၂
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ စစ္တပ္စာသင္ေက်ာင္းမ်ားတြင္ စစ္အရာရွိမ်ား၏ ဇနီ ေက်ာင္းဆရာမ်ား ေက်ာင္းလုံး၀ မတက္ေတာ့ဘဲ ထြက္ေျပး တိမ္း ေရွာင္ၿပီး စာလည္း မသင္ေတာ့ေၾကာင္း ျပင္ဦးလြင္ တပ္သတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္သတင္း ဌာနထံသို႔ ေျပာဆိုၾကသည္။
ျပင္ဦးလြင္ၿမိဳ႕ အမွတ္ ၃ အေျခခံပညာအထက္တန္းေက်ာင္း အပါအဝင္ ကကျပည္ လက္ေအာက္ခံ တပ္ေက်ာင္းမ်ားတြင္ စစ္အရာရွိႀကီးမ်ား၏ ဇနီး ေက်ာင္း ဆရာမမ်ား စစ္ပြဲ ျဖစ္လာေတာ့မည္ကိုအေၾကာင္းျပၿပီး ေက်ာင္းလုံးဝ မတက္ေတာ့ေၾကာင္း၊ စာလည္း မသင္ေတာ့ေၾကာင္း၊ သို႔ရာတြင္ လစာပုံမွန္ထုတ္ယူ စားေသာက္ေနၾကေၾကာင္း သိရွိရသည္။
“စစ္တပ္လက္ေအာက္ခံ အေျခခံမူလတန္း၊ အလယ္တန္းနဲ႔ အထက္ေက်ာင္းေတြမွာ စစ္အရာရွိ ဇနီး ကေတာ္ ေက်ာင္းဆရာမေတြက ေက်ာင္း လည္း မတက္ေတာ့ဘူး။ တခ်ိဳ႕ေတြကေတာ့ ထြက္ေျပးကုန္ၾကတာ။ တခ်ိဳ႕ေတြကေတာ့ ေက်ာင္းမတက္ဘဲ မလာၾကေတာ့တာ။ စာလည္းမသင္ေတာ့ဘူး။ ေက်ာင္းသားေတြ စာမသင္ရတာ ၂ လ ေလာက္ရွိပါၿပီ။ ၿမိဳ႕နယ္တို႔ ခ႐ိုင္တို႔ကလည္း ဘာမွ ထိထိေရာက္ေရာက္အေရးမယူရဲဘူး။ ၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ရာထူးအလိုက္ခြဲျခားဆက္ဆံၿပီး တပ္ပုံစံအုပ္ခ်ဳပ္ေနပါတယ္” ဟု တပ္သတင္းရင္း ျမစ္က ေျပာဆိုသည္။
ထို႔ျပင္ ယမန္ေန႔ ည ၇ နာရီ ျပင္ဦးလြင္တြင္ စစ္ေကာင္စီတပ္မ်ားက လက္နက္ ႀကီးမ်ာျဖင့္ အဆက္မျပတ္ပစ္ခတ္ခဲ့ၿပီး လက္နက္ႀကီးအလုံးေရ ၃၀ နီးပါး ပစ္ခတ္ခဲ့ေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုၾကသည္။
“ျပင္ဦးလြင္က အေျမာက္ေတြနဲ႔ မေန႔ ည ၇ နာရီခန႔္မွစ၍ ပစ္ခတ္သံၾကားရတယ္။ ပစ္ခတ္သံ အလြန္စြာက်ယ္ေလာင္ခဲ့တယ္။ ျပင္ဦးလြင္ဘက္က ေနာင္ခ်ိဳေတာင္ခမ္းဘက္ကို လွမ္းပစ္တာလို႔ သိရတယ္။ ျပင္ဦးလြင္တစ္ၿမိဳ႕လုံးေတာ့ မေန႔ညက အထိတ္တလန႔္ျဖစ္ခဲ့ရတယ္” ဟု ျပင္ဦးလြင္ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
လတ္တေလာ ျပင္ဦးလြင္တြင္ စစ္ေကာင္စီတပ္က လုံၿခဳံေရးမ်ား အထူးတိုးျမႇင့္ထားၿပီး ရပ္ကြက္မ်ားအတြင္းသို႔ လူစိမ္းဝင္ေရာက္လွ်င္ ခ်က္ခ်င္းအေၾကာင္း ၾကား ရန္ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံသို႔ စစ္ေကာင္စီက ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ယခုရက္ပိုင္း ၿမိဳ႕ႀကီးမ်ားတြင္ ကင္းလွည့္ေနသည့္ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *