အာချောင်ရင် အာမခံမရဘူး ရာမမင်းဆီ ဒိုးပဲ

အာချောင်ရင် အာမခံမရဘူး ရာမမင်းဆီ ဒိုးပဲ

“PDF ဆိုတာ ခွေးလောက်တောင် ဂရုစိုက်စရာမလိုဘူး” ဟု စိန်ခေါ်ခဲ့သော လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ပစ် ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် “PDF ဆိုတာ ခွေးလောက် တောင် ဂရုစိုက်စရာမလိုဘူး” ဟု စိန်ခေါ်ခဲ့သော ပျဉ်းကတိုးကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၁၁ နာရီခန့်က လက်ပံတန်းမြို့နယ်၊ အ နောက် ဘက်ခြမ်း ဧရာ ဝတီမြစ် ကမ်းဘေးရှိ ပျဥ်းကတိုးကုန်းကျေးရွာတွင် နေထိုင် သည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ် ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်နဲ့ ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေ ဆုံးသွားကြောင်း၊ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် အကြမ်း ဖက်စစ်တပ် လက်အောက်ခံရဲများ‌ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။

“ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ရခတွေ အဲဒီရွာကို‌ရောက်လာပြီး မနက် ၈ နာရီခွဲလောက်ကြတော့ မြို့ကို အလောင်းသယ်သွားတယ်လို့ သိရပါတယ်။ သူ့ကို ကျနော်တို့က ၂၀၂၂ခုနှစ်ကတည်းက သတိပေးစာထုတ်ဖူးပါတယ်။ သူက ပျူခေါင်းဆောင်လည်းဖြစ်သလို စကစရဲ့အဓိကထောက်တိုင်ပါ။ လောင်းကစားဝိုင်းတွေလုပ်ပြီး ငွေရှာပေးတယ်။ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပြီး ငွေရှာပေးတယ်။ စစ်မှုထမ်းအကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေတောင်းခံတာတွေလုပ်တယ်။ သူ့ကြောင့်အပြစ်မဲ့ ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရဖူးပါတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အုပ်ချုပ်ရေးမှူး ဌေးနိုင်ဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ၎င်းင်း ၏ သတင်းပေးတိုင် ကြား မှုကြောင့် ဒေသခံ ပြည်သူ ၁၀ဦးထက် မနည်း ဖမ်း ဆီးခံရကာ ပြည်သူတချို့ တိမ်းရှောင် နေ ရခြင်း၊ စစ်ကောင်စီအလိုကျ ပြည် သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေး ခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများကို ဦးဆောင်လုပ်ကိုင်၍ ဆက် ကြေးကောက် ခံခြင်း၊ ဆေးခြောက်ပင်များကို ကိုယ်တိုင်စိုက်ပျိုးသည့်အပြင် အခြားသူများကိုလည်း ငွေကြေးယူ၍ စိုက်ခိုင်းခြင်း၊ ပြည်သူပိုင် မြေနုကျွန်းများကို ဒေသခံများအား တရားမျှတစွာ ခွဲဝေပေးခြင်းမရှိဘဲ ပျူစောထီးခေါင်း ဆောင် ဌေးအောင်၊ ရဇိန်ဆိုသူတို့နှင့်ပေါင်းကာ မတရားသိမ်းယူ၍ ရောင်း စားနေ ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“၂၀၂၂ က စာထုတ်သတိပေးတာကို စစ်တပ်က သူ့ကိုကာကွယ်ပေးထားလို့ PDF ဆိုတာ ခွေးလောက်တောင်ဂရုစိုက်စရာမလိုဘူးပြောတယ်။ PDFတွေကိုလည်း လူသိထင်ရှား စိန်ခေါ်ထားတာ။ သူ့အိမ်မှာ ညက သေနတ်နဲ့၁ချက်ဝင်ပစ်တာပွဲချင်းပြီးသေဆုံးတယ်။ သူက ပျူစောထီး ဌေးအောင်ရှိန်နဲ့ ပေါင်းပြီး မြေနုကျွန်းတွေကို မတရားသိမ်းယူပြီး ရောင်းစားနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နွေဦးရောင်ခြည်စစ်ဆင် ရေးအဖြစ် ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီးကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *