ချင်းရွှေဟော်မြို့သိမ်းတိုက်ပွဲ မြင်ကွင်းဗီဒီယို (ရုပ်/သံ)

ကိုးကန့် MNDAA အလံ လွှင့်ထူနိုင်ခဲ့ပြီဖြစ်သော ချင်းရွှေဟော်မြို့သိမ်းတိုက်ပွဲ မြင်ကွင်းဗီဒီယို (ရုပ်/သံ)

အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ် စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့မှ ပြည်သူများက ပြောဆိုသည်။

“မြို့ထဲမှာတော့ ကိုးကန့် တပ်တွေ တပ်စွဲထားတယ်။ မနက်ပိုင်းအစောပိုင်းက ပစ်ခတ်မှုတချို့ရှိပေမယ့် အခုတော့ ပစ်ခတ်မှု မရှိတော့ဘူး။ မြို့ထဲက ပြည်သူတချို့ ၀ ပြည်နယ်ဘက်ကို သွားနေကြတယ်။ သွားခွင့်ပေးထားတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်။ နယ်စပ်ဂိတ်ကတော့ ပိတ်ထား‌တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းရွှေဟော်တံတားလည်း ကျိုးသွားပြီဟု သတင်းများရရှိထားပြီး လားရှိုး- ချင်းရွှေဟော်လ မ်းတလျှောက်တွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းကြောင်း၊ စစ်ဘေးရှောင်ရန် ပြည်သူများမှာ ၀ ပြည်နယ်ဘက်ကိုသာ အဓိက သွားနေရကြောင်း သိရှိရသည်။

“ချင်းရွှေဟော်တံတားတော့ ကျိုးသွားတယ်လို့ ကြားတယ်။ စစ်ခွေးတွေ လားရှိုးဘက်က တက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်ကို အသွားအလာ မလုပ်ရဲဘူး။ အခြေအနေကတော့ လာမယ့်ရက်ပိုင်းတွေ ဒီထက်ပိုဆိုးလာမယ်ထင်တယ်။

မြို့ထဲက ထွေအုပ်၊ အကောက်ခွန်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေက မနေ့ညကတည်းက ပြေးကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကိုးကန႔္ MNDAA အလံ လႊင့္ထူနိုင္ခဲ့ၿပီျဖစ္ေသာ ခ်င္းေရႊေဟာ္ၿမိဳ႕သိမ္းတိုက္ပြဲ ျမင္ကြင္းဗီဒီယို (႐ုပ္/သံ)

ေအာက္တိုဘာ ၂၇

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ခ်င္းေရႊေဟာ္ရွိ ေရာ္ဘာေတာ စစ္တပ္ဗ်ဴဟာကုန္း ၊ ေဖာင္ဆိပ္ စခန္း၊ ၿမိဳ႕အဝင္တပ္ဂိတ္ အပါအဝင္ စစ္ေကာင္စီစခန္းမ်ားအားလုံး က်ဆုံးသြားၿပီး ခ်င္းေရႊေဟာ္ၿမိဳ႕ကို ေတာ္လွန္ေရးတပ္ဖြဲ႕က သိမ္းပိုက္ ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း ခ်င္းေရႊေဟာ္ၿမိဳ႕မွ ျပည္သူမ်ားက ေျပာဆိုသည္။

“ၿမိဳ႕ထဲမွာေတာ့ ကိုးကန႔္ တပ္ေတြ တပ္စြဲထားတယ္။ မနက္ပိုင္းအေစာပိုင္းက ပစ္ခတ္မႈတခ်ိဳ႕ရွိေပမယ့္ အခုေတာ့ ပစ္ခတ္မႈ မရွိေတာ့ဘူး။ ၿမိဳ႕ထဲက ျပည္သူတခ်ိဳ႕ ၀ ျပည္နယ္ဘက္ကို သြားေနၾကတယ္။ သြားခြင့္ေပးထားတယ္။ ပိတ္မိေနတဲ့ ျပည္သူေတြလည္းရွိတယ္။ နယ္စပ္ဂိတ္ကေတာ့ ပိတ္ထား‌တယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

ခ်င္းေရႊေဟာ္တံတားလည္း က်ိဳးသြားၿပီဟု သတင္းမ်ားရရွိထားၿပီး လားရွိုး- ခ်င္းေရႊေဟာ္လ မ္းတေလၽွာက္တြင္ လမ္းပန္းဆက္သြယ္ေရး အေျခအေန မေကာင္းေၾကာင္း၊ စစ္ေဘးေရွာင္ရန္ ျပည္သူမ်ားမွာ ၀ ျပည္နယ္ဘက္ကိုသာ အဓိက သြားေနရေၾကာင္း သိရွိရသည္။

“ခ်င္းေရႊေဟာ္တံတားေတာ့ က်ိဳးသြားတယ္လို႔ ၾကားတယ္။ စစ္ေခြးေတြ လားရွိုးဘက္က တက္လာတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ အဲဒီဘက္ကို အသြားအလာ မလုပ္ရဲဘူး။ အေျခအေနကေတာ့ လာမယ့္ရက္ပိုင္းေတြ ဒီထက္ပိုဆိုးလာမယ္ထင္တယ္။

ၿမိဳ႕ထဲက ေထြအုပ္၊ အေကာက္ခြန္ဝန္ထမ္းေတြနဲ႔ စစ္ေကာင္စီအရပ္ဘက္ဝန္ထမ္းေတြက မေန႔ညကတည္းက ေျပးၾကတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *