ကော့ကရိတ်လည်းကြမ်းနေပီ အက်ရှင်ဇာတ်ကားအတိုင်းပဲ(ရုပ်/သံ)

ကော့ကရိတ်မြို့ နေရာအနှံ့အပြားတွင် တိုက်ပွဲဖြစ်ပွားနေ

ကော့ကရိတ်မြို့ပေါ် စရဖရုံး၊ရဲသတင်းတပ်ဖွဲ့၊မြို့တော်ခန်းမ၊တရားရုံးနှင့် အချုပ်ခန်းတို့ကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထား

အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးကျေးရွာရှိ နေရာအနှံ့အပြားတွင် ယနေ့ အောက်တိုဘာလ ၂၇ရက် နံနက်၅နာရီဝန်းကျင်မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ယခု အချိန်ထိ ပစ်ခတ်မှုရှိနေသေးကြောင်း ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ယခုလိုပြောသည်။

မနက်ကတည်းက ဆင်ကုန်း၊ ရေလယ်မြိုင်၊ ရုံးကြီး၊ တံတားဦး စတဲ့နေရာအနှံ့အပြားမှာ တိုက်ပွဲဖြစ်နေတယ်။ အခုချိန်ထိတိုက်ပွဲဖြစ်နေတုန်းပဲ။ လက်နက်ကြီးကောလက်နက် ငယ်ကော ဆက်တိုက်ပစ်နေကြတုန်းပဲ”ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ပြောသည်။

ယနေ့ ကော့ကရိတ်တိုက်ပွဲတွင် ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်းဘေးနေရာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ၂ ခု မီးရှို့ တိုက်ခိုက် ခံ ရကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိထားပြီး အသေးစိတ်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့တွင်း နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် တိုက်ပွဲအနီးရှိ အရပ်သားပြည်သူများမှာ အသက်ဘေးလွတ်မြောက်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို မြို့တွင်း ရပ်ကွက်နေပြည်သူများမှာ အပြင်မထွက်ရဲကြဘဲ နေအိမ်၌သာ နေထိုင်ကြသည်ဟု သိရသည်။

PDF -ကျားဖြူစစ်ကြောင်း

Be the first to comment

Leave a Reply

Your email address will not be published.


*