လားရှိုးမှာအပြန်အလှန်ဆွဲနေကြပြန်ပီ(ရုပ်သံ)

လားရှိုးမြို့အနီးတစ်ဝိုက် လက်နက်ကြီးနဲ့အပြန်အလှန် ပစ်ခတ်နေ

October 28,2023

ရှမ်းမြောက် လားရှိုးမြို့အနီးတစ်ဝိုက် ဒီကနေ့ည ၆ နာရီ လောက်ကနေ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေအကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက် လားရှိုးမြို့အနီးတစ်ဝိုက် ဒီကနေ့ည စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေအကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်

ဒီနေ့ အောက်တိုဘာ ၂၈ရက်နေ့ ညပိုင်း ၇နာရီဝန်းကျင်မှာ လားရှိုးမြို့တွင်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကြားနေရပြီး အပြင်းအထန်ပစ်ခတ်နေကြတာဖြစ်ပါတယ်

မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း ၃နေရာထပ်မနည်းကို ညီနောင်မဟာမိတ်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်ပစ်နေတာဖြစ်ပါတယ်

“ဒရုန်းက တော်တော်ကိုမြင့်တယ်။ လှမ်းမြင်နေရတယ်။ စကစဘက်က သေနတ်နဲ့ပစ်တာ မရောက်နိုင်ဘူး။ အဲတာကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတာ”လို့ မြို့ခံတစ်ဦးက ဆိုပါတယ်

စစ်ကောင်စီတပ်ဟာ လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ အမြှောက်တပ်ကနေ လားရှိုးနမ္မတူအထွက်၊ မန်ဆူအကျော်တဲ့ ရပ်ကွက်(၅)ဘက်ကို ၄ကြိမ်ထက်မနည်း အတွဲလိုက် ပြန်ပစ်နေတာလို့ ဆိုပါတယ်

“တက္ကသိုလ်အနောက်ဘက် ဗျူဟာလမ်းနားက တပ်စခန်းလည်း ဒရုန်းနဲ့ကြဲခံရလို့ စကစက ပြန်ပစ်တာရှိတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အတွဲလိုက်ဖြစ်နေပြီး မီးလုံးတွေကိုလည်း မြင်တွေ့နေရပါတယ်

လက်ရှိအတည်ပြုမရသေးတဲ့ သတင်းတွေအရ အဲလက်နက်ကြီးတွေစာ မြို့ထဲကျရောက်ပေါက်ကွဲတာ ရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *