အရှေ့ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တပ်သားများ ပျော်ပါးနေသည့် ဘီယာဆိုင်တို့ကို ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တပ်သားများ ပျော်ပါးနေသည့် ဘီယာဆိုင်တို့ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် အရှေ့ဒဂုံမြို့နယ် ထွေအုပ်ရုံးကို မြောက်ဒဂုံ ပကဖက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ညပိုင်းတွင် အရှေ့ဒဂုံမြို့နယ်ရှိ ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်သားများ အထိုင်ချ ပျော်ပါး၍ ပြည်သူများကို ဒုက္ခပေးလျက်ရှိသော “အချစ်ရွာ” ဘီယာဆိုင်ကိုလည်း LITTLE HERO (YGN) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ပျူစောထီးများ နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း လက်ရှိချိန် အထိ အတည်ပြုနိုင်သေးကြောင်း သိရသည်။
တော်လှန်ရေးကာလ ကြာလာသည်နှင့် စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စွဲထားရာနေရာများ ၊ စစ်ကောင်စီ ထောက်တိုင်များ ဖွင့်လှစ်ထားသော နေရာများကို သွားလာခြင်းမပြုကြရန် တော်လှန်ရေး အဖွဲ့များက ထုတ်ပြန်ထားသည်။