၄စီးကနေ ၆စီးတဲ့ ဝမ်းသာပီတိ ဂွမ်းဆီထိ(ရုပ်သံ)

စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးသိမ်းပိုက်ရရှိပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေဟု MNDAA ပြော

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ မုံးကိုးဖောင်းဆိုင်ဘက်မှာ မြေပြင်ရှင်းလင်းလုပ်တဲ့အချိန်မှာ နောက်ထပ် ၁ စီးထပ်ရတယ်။ အားလုံး ၆ စီးရှိပြီ။ အရင်က ရတဲ့ ၅ စီးမှာ ၄ စီးက ပျက်စီးသွားပြီး ၁ စီးက အကောင်းအတိုင်းရတယ်။ ဒီနေ့ ရတဲ့ ၁ စီးက အကောင်းအတိုင်းဆိုရင်တော့ အကောင်း ၂ စီးရမှာပေါ့။ ဒီနေ့ ရတဲ့ ၁ စီးက မကောင်းဘူးဆိုရင် အကောင်းအတိုင်းရတာ ၁ စီးပဲရှိမှာပေါ့” ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်က ပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်အာဏာရှင် ဖြုတ်ချရေး ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုက တိုက်ခိုက် ရရှိခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *