နယ်စပ်မှာ ပေါက်ဖော်ကြီးဟန်ရေးပြ(ရုပ်သံ)

တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့်ထိစပ်လျက်ရှိသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်စစ်တပ်က သံချပ်ကာ ကားများဖြင့် စစ်ရေးပြပြီး လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ နိုဝင်ဘာ ၁

တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့်ထိစပ်လျက်ရှိသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်စစ်တပ်က သံချပ်ကာ ကားများဖြင့် စစ်ရေးပြပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ တရုတ်ပြည်ဘက်အခြမ်း မူဆယ်နှင့်ထိစပ်လျက်ရှိသော နန်းတော်ပေါက် အနီးတို့တွင်သံချပ်ကာကားများ၊ စစ်ကားများဖြင့် အင်အားပြ စစ်ရေးလှည့်လည် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။

“တရုတ်ပြည်အလယ်ပေါက်မှာ ဟိုနေ့ကမြန်မာပြည်ဘက်ကနေ စစ်တပ်ဘက်ကပြစ်တာ သူတို့ဘက်ကျလို့ တင့်ကားတွေ၊ သံချပ်ကာတွေ၊ လက်နက်အပြည့်အစုံ စစ်သားတွေ အင်အားပြတယ်။ လုံခြုံရေးတိုးမြှင့်ပြီး အသင့်စောင့်နေတဲ့အနေအထားနဲ့ အင်အားပြတယ်။ သူတို့ဘက်အခြမ်း လက်နက်ကြီးတွေ ထပ်ကျလာရင် ပြန်ပစ်မယ့်ပုံမျိုးနဲ့ကို လုံခြုံရေး တင်းကျပ်ထားတာ” ဟု မူဆယ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ၁၂၀ မမ သည် တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ် ဝမ်တိန်မြို့ထဲသို့ ကျ ရောက်ခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *