ဘယ်ပြေးနေလဲ ဘပြောင် နပတမှာနေရဲတော့ဘူးလား ပုသိမ် ထိလိုက်လာနေအုန်းမယ်

သမ္မတဟောင်း ဦးသိန်းစိန် ပုသိမ်မြို့တွင် အခြေချဖို့ပြင်ဆင်နေ

ဧရာဝတီတိုင်းမ် နိုဝင်ဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်းဖြစ် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ သမ္မတအဖြစ်တာဝန်ယူခဲ့သည့် ဦးသိန်းစိန်သည် ပုသိမ်မြို့တွင် အခြေချနေထိုင်ရန်အတွက် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် ပုသိမ်မြို့ လေယာဉ်ကွင်းရှေ့ရှိ စစ်တပ်နှင့်ဆက်စပ်နေသည့် အစိုးရပိုင်မြေနေရာအားရယူပြီး နေအိမ်အကြီးစားဆောက်လုပ်ထားပြီး ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“ အိမ်ကရှယ်လုပ်ထားတာ၊ ဂေါက်ကွင်း ရေကူးကန် အကုန်ပါတယ်။ ခြံကိုတော်တော်နေရာယူထားတာ၊ လူတော့ရောက်မလာသေးဘူးခုထိ အိမ်ကတော့ ပြီးနေပြီ”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် ဒေသခံ တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်နေထိုင်ဖို့အတွက် နေအိမ်ဆောက်လုပ်ရာမှာ အနီးနားရှိနေအိမ်တချို့ကို ရွှေ့ပြောင်းခိုင်းတာတွေ ပြုလုပ်ခိုင်းခဲ့သလို အိမ်ဆောက်ပြီးနောက်ပိုင်းတွင်လည်း မြို့ထဲဝင်သည့် အဓိက လမ်းမကြီးကိုပါ ပိတ်ပစ်ဖို့အတွက်စီစဉ်နေသည်ဟု ၎င်းမှဆက်လက်ပြောဆိုသည်။

“ခုက ဒီဦးသိန်းစိန် ခြံက ရန်ကုန် – ပုသိမ် ကားလမ်းမကြီးဘေးပေါ့၊ မြို့ထဲကို ဝင်ထဲလမ်းဖြစ်တာပေါ့၊ ခုအဲ့လမ်းကိုပိတ်ပြီးတော့ မြတ်တိုဘက်ကနေ လမ်းပြန်ဖောက်ဖို့ပြင်နေတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ လက်ရှိ နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး တိုက်ပွဲများမှာ တဖြည်းဖြည်းနေပြည်တော်နှင့်နီးကပ်လာသည့်အတွက် ခုလိုမျိုးစဉ်းစားကာ ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

သမ္မတဟောင်း ဦးသိန်းစိန်မှာ ငပုတောမြို့နယ်၊ ကျုံကူးဇာတိဖြစ်သော်လည်း တိုင်းမြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် လာရောက်နေထိုင်ဖို့စီစဉ်ရခြင်းမှာ ပုသိမ်မြို့သည့် တိုင်းဒေသကြီးမြို့ဖြစ်သဖြင့် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်၊ တိုင်းရဲတပ်ဖွဲ့ရုံး စသည့် လုံခြုံရေးအပြည့်အဝထောက်ကူပေးနိုင်ခြင်းကြောင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှ ပြောသည်။

ပုသိမ်မြို့တွင် နေထိုင်ရန်အတွက် သမ္မတဟောင်း ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၆ လခန့်ကပင် ကြိုတင်စီစဉ်ပြီး အိမ်ဆောက်လုပ်နေခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် စုံစမ်းသိရှိရသည်။

ဓါတ်ပုံ – နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အားတွေ့ရစဉ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *