ကောလင်း အပြန်လမ်းမှာ မုန့်ဟင်းခါးဖြစ် အိုးဘဲဥပါပါ

ကောလင်းမြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှောက်ဖြူကုန်းကျေးရွာရှိ နေအိမ်ခြေ ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ဒုအရာခံ ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Kawlin Info အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၁ ရက်နံနက် ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာ၌ ညအိပ်တပ်စွဲကာ နေအိမ် အလုံး ၃၀ ခန့်ကို မီးရှို့ပြီး ကောလင်းမြို့ဘက်သို့ ပြန်လည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကိုးတောင်ဘို့ – ကောလင်းလမ်း ဝါရုံခုံရွာ တောင်ဘက် တံတားအရောက်တွင် ပကဖ အဖွဲ့က မိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒုအရာခံဗိုလ် ၁ ဦးသည် လမ်း၌ ထပ်မံ သေဆုံး သွား ကြောင်း သိရသည်။

“အခုစစ်ကြောင်းက ကောလင်းမြို့ထဲကနေ ကိုးတောင်ဘို့ဘက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေတာ၊ ထွက်တုန်းကတော့ ၆၀ လောက်ပဲ၊ ကိုးတောင်ဘို့က အဖွဲ့က ထွက်ရင် ကောလင်းအဖွဲ့က အဲဒီဘက်ကို လှည့်ပေးတာ၊ ကိုးတောင်ဘို့ကို အင်အားဖြည့်တာမဟုတ်ပါဘူး၊ အဲလို လှည့်ပေးရင်း ဇီးကနားရွာ၊ လျှော်ဖြူကုန်းရွာမှာ ညအိပ်တယ်၊ လျှော်ဖြူကုန်းရွာက အိမ်ခြေ ၃၀ လောက်ကို မီးရှို့ခဲ့တာ၊ ကိုး တောင်ဘို့ကနေ ထွက်တဲ့အဖွဲ့က တော့ ထီးချိုင့်ဘက်မှာ အထိနာတယ်ကြားတယ်၊ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး၊” Kawlin Info အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကောလင်းမြို့အဝင်၌ တိုက်မိုင်း ၁ လုံး ထပ်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူများရှိကာ ကောလင်း မြို့ အထက ၁ ကျောင်းထဲသို့ ဝင်ရောက်သွားကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အင်အား ၆၀ ခန့်ဖြင့် ကောလင်းမြို့မှ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသသို့ လှည့်လည်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်ပြီး ကိုးတောင်ဘို့ဒေသရှိ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းမှာလည်း ထီးချိုင့် ဘက် သို့ရောက်ရှိနေကာ တိုက်ပွဲဖြစ်နေပြီး ထိခိုက်သေဆုံးမှုများပြားကြောင်း Kawlin Info ထံမှ သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *