“ကိုးကန့်က သူသိမ်းထားတဲ့နယ်မြေတွေ ပြန်ဆုတ်ပေးမှာမဟုတ်ဘူး။ တရုတ်ဝင်ပြောလည်း မရနိုင်ဘူး” (ဆက်သွယ်မေးမြန်းချက်)
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် မဟာမိတ်ညီနောင် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ တအန်းမလောင် – TNLA နှင့် ရက္ခိုင့်တပ်တော် – AA အဖွဲ့တို့ကဦးဆောင်၍ အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ကာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို သိမ်းယူခြင်း၊ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများ ဆောင်ရွက်နေသည်။
အဆိုပါ စစ်ဆင်ရေးအပေါ် တရုတ်အစိုးရ၏ရှုမြင်မှု၊ စစ်ဆင်ရေး၏ရှေ့အလားအလာ အခြေအနေများကို တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောအား Ayeyarwaddy Times အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါသည်။