ဘပုတော့နိုးထလာပီ ကြောက်လိုက်တာ

ရှမ်းမြောက်တွင် စစ်တပ်စခန်း ၉၂ ခုနှင့်မြို့ ၄ ခု လက်လွှတ်လိုက်ရချိန်တွင် မြောက်ပိုင်းမဟာမိတ်တပ်များကို တန်ပြန်ချေမှုန်းမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

■ တိုင်းရင်းသားများအပေါ် ယုံကြည်မှုထားခဲ့သော်လည်း စစ်တပ်ကို တိုက် ခိုက်လာဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၇ ရက်တာ ကာလအတွင်း စစ်တပ်စခန်း ၉၂ ခုနှစ့် မြို့ ၄ ခုကို မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ချိန်တွင် အကြမ်းဖက်မင်းအောင်လှိုင်က မြောက်ပိုင်းမဟာမိတ်တပ်များကို တန်ပြန် ချေမှုန်း မည်ဟု ပြောဆိုပြန်သည်။

နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းပြည် နယ်မြောက်ပိုင်း တွင် MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့ များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်ခြင်း၊ အလားတူ ကချင်ပြည်နယ်ရှိလမ်းပန်း ဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားမှု မရှိစေရန် သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွံသုံး၍ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည် ဆောင်ရွက်ခဲ့ရကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများ အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း ကြောင့် မိမိတို့အနေဖြင့် တန်ပြန် ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်း ဖက် မင်းအောင်လှိုင်က ဆိုသည်။

“လက်ရှိ တန်ပြန်ချေမှုန်းရေး ဆိုတာက လေယာဉ်နဲ့ ဗုံးပိုကျဲတာတွေ၊ လက်နက်ကြီးနဲ့ ပိုပစ်တာတွေ လုပ်ပါမယ်။ နောက်တစ်ခါ ဆင့်ကွဲ ကွဲတဲ့ ကလပ်စတာ ဗုံးလိုဟာမျိုးတွေ ပိုသုံးလာဖို့ရှိတယ်။ လေကြောင်းနဲ့ လက်နက်ကြီးကို အသုံးပြုမှု ပိုများလာဖို့ရှိနေပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *