ဘေးကင်းစွာသိမ်းပိုက်နိုင်ပါစေ ကောလင်း

ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေ

■ တိုက်ပွဲအတွင်း မြို့ပေါ်နေ ပြည်သူများ ပိတ်မိနေ

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်က စတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားပြီး ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေကာ မြို့ပေါ်နေ ပြည်သူများလည်း ပိတ်မိနေကြောင်း သိရှိရသည်။

” ကောလင်းမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ယူနေပြီ စစ်ခွေးတွေက Fighter တွေ Mi 35 တွေ နဲ့ အကြိမ်ကြိမ် ပစ်နေတယ်။ မနက် ၄ နာရီလောက်တည်းက စဖြစ်နေတာ ရဲစခန်းနဲ့ ထွေအုပ်ကို တိုက်တာ စစ်ခွေးတွေက Mi 35 နဲ့ ခုနထပ်ပြီး ထွေအုပ်နဲ့ ရဲစခန်းပတ်ပတ်လည်ကိုပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *