ယနေ့ နမ့်ခမ်းအခြေနေ(ရုပ်သံ)

နမ့်ခမ်း စစ်ကောင်စီနဲ့ TNLA တိုက်ပွဲအခြေအနေ

နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

၂၀၂၃ နိုဝင်ဘာလ ၃ ရက်

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ မနေ့ညက မြို့လယ်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ လာအိပ်တယ်။ ဒီနေ့မနက် မြို့ပြင်ကိုထွက်သွားဖို့ အောင်မြတ်သာရပ်ကွက်ကို ရောက်နေတဲ့ချိန်မှာ စပြီးပစ်ကြတာပဲ။ အခုထိ ပစ်နေတုန်း၊ ဂျက်လေယာဉ်လည်း ပျံဝဲနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိသတင်းရေးချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ပျံ့ဝဲနေလျက်ရှိသည်။

အလားတူ ယနေ့ ( နိုဝင်ဘာလ ၃ ရက် )နံနက်အစောပိုင်းတွင်လည်း နမ့်ခမ်း-မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအနီးကို စစ်တပ်မှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

ထို့ပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ နမ့်ခမ်း-မန့်ဝိန်းကြား ဆက်သွယ်ထား သာ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက် စုံစမ်းမေးမြန်းနေခြင်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *