ဂျပု ပျားတုတ်ပီ ပထွေးငယ်ထိပ်မှခေါက်ရတယ်လို့ကွာ(ရုပ်သံ)

လိုင်ဇာ KIO ဌာနချုပ်ကို ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တချို့ ထိခိုက်သေဆုံးမှုရှိဟုဆို

နိုဝင်ဘာလ ၄ ရက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ်ကို ဦးတည်၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လိုင်ဇာ KIO ဌာနချုပ်ကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်အမျိုးသမီးကြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းပြောဆိုချက်ကို ထပ်မံ အတည်ပြုရန် KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း လက်ခံ ဖြေကြားခြင်းမရှိသဖြင့် အသေးစိတ်ကို ထပ်မံ အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကတော့ ၁၅ လုံးလောက်ရှိတယ်။ တရုတ်ပြည်ဘက်အခြမ်းကို ၁ လုံးကျတယ်။ တရုတ်အမျိုးသမီးကြီး ၁ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားလိုင်ဇာဒေသ သတင်းရင်းမြစ်ကမူ စစ်တပ်က လက်နက်ကြီးများဖြင့် ယခုအချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ လိုင်ဇာစျေးထဲသို့ လက်နက်ကြီး ၁ လုံးကျရောက်ခဲ့ပြီး တရုတ်ပြည်ဘက်အခြမ်းတွင်မူ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်ခဲ့ကြောင်း ပြောဆိုသည်။

“လိုင်ဇာဈေးထဲ လက်နက်ကြီးကျည် တစ်လုံးကျတယ်။ အခုထိပစ်နေဆဲ။ တရုတ်ပြည်ဘက်က နေအိမ်ပေါ်ကျတာက သေဆုံးထိခိုက်မသိရသေးဘူး” ဟု လိုင်ဇာဒေသပြည်သူတစ်ဦးက ဆိုသည်။

#နွေဦးလူငယ်အင်အားစု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *