အလေးနီပြုပါတယ် တာဝန်ကျေလွန်းတယ် ရဲဘော်တို့

ချောင်းဦးမြို့အဝင် စစ်အုပ်စု ဂိတ်ကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီး၊

တော်လှန်ရေးရဲဘော် ငါးဦး ကျဆုံးပြီး စစ်အုပ်စုလည်း အများအပြား သေ၊

နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မန္တလေး – မုံရွာ ကားလမ်းပေါ်က ချောင်းဦးမြို့အဝင် စစ်အုပ်စု ဂိတ်ကို ဒီမနက်ပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ရာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ(၄)ရက် မနက်(၅)နာရီမှာ ချောင်းဦးမြို့အဝင် စစ်အုပ်စု ဂိတ်ကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်တာ ဖြစ်ပြီး စစ်အုပ်စု အများအပြား သေသလို တော်လှန်ရေး ရဲဘော် ငါးဦးလည်း ကျဆုံးတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။

“ချောင်းဦးမြို့နယ် မုံရွာ – ချောင်းဦး ကားလမ်းဘေးရှိ မြပုလဲ စစ်ကောင်စီဂိတ်စခန်းကို ယနေ့နံနက် (၅) နာရီခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စခန်းကို သိမ်းပိုက်နိုင်ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်း မျိုးစုံနှင့် စစ်ခွေး၊ ရဲခွေး၊ ပျူခွေး အသေကောင်များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ ရဲဘော် (၅)ဦး ပြည်ထောင်စုနှင့် ပြည်ထောင်စုသားတို့ အတွက် မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့” လို့ ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။

ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေလို့ မုံရွာ – မန္တလေး ကားလမ်းကို ဒီမနက် (၅) နာရီက စတင်ပြီး အသုံးပြု သွားလာတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်းနဲ့ လမ်းပိုင်း အသုံးပြုနိုင်မယ့် အချိန်ကို ပြန်လည် တင်ပြပါမယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြို့နယ် ပကဖ (ချောင်းဦး) က လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဒီမနက် (၄)နာရီကျော်က ချောင်းဦးမြို့အဝင် မြောက်ဖက်အထွက် မုံရွာ – မန္တလေး ကားလမ်းပေါ်၊ ဘောလုံးကွင်းအနီးက စစ်အုပ်စု ဂိတ်ဖွင့်ထားတဲ့ တံတားကို PDF တွေက လာရောက် တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးပြီး ချောင်းဦးမြို့ထဲ ဆက်လက်ဝင်ရောက် တိုက်ခို်ကနေတယ်လို့ စစ်လော်ဘီတွေကလည်း သတင်းဖြန့်ထားပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင် – AA တို့က အောက်တိုဘာ (၂၇)ရက်က စတင်ပြီး စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံတဝန်းမှာ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ မြို့သိမ်းတိုက်ပွဲ၊ စခန်းတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

#နွေဦးလူငယ်အင်အားစု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *