အရှေ့နဲ့အနောက် တောင်နဲ့မြောက်မှာကွယ် ဘီးလင်မှာဈေးဝယ်ရင်းအိပ်ပျော်

ဘီးလင်းတွင် ရဲတပ်သား ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး ၊ ကချင်ပြည်နယ် ဆဒုံးတွင် စစ်တပ်ဂိတ်နှင့် စခန်းများကို တိုက်ခိုက်မှု ရဲ ၂ ဦးနှင့်စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေး ရွာ၊ ဩကြီးဈေးဆိုင်အနီးတွင် ဝင်းကရဲကင်းစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်း ကို ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ရဲတပ်သား ဇော်နိုင်ဝင်း သည် မြက်ရိတ်စက်အတွက် လိုအပ်သည့် ဓာတ်ဆီဝယ်ယူရန် ကင်းစခန်းမှ ထွက်ခွာခဲ့ရာ အမျိုးသား ၂ ဦးက လာရောက်ပစ်ခတ်သွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲတပ်သား ဇော်နိုင်ဝင်း တွင် ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ အဝင်အထွက် စုပေါင်းဂိတ် ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဆိုင်ကယ်ပေါ်ကနေ ရဲတွေကို ပစ်ခတ်ရာမှာ ရဲတယောက် ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ဆုံးတယ်။ နောက်ထပ် ရဲတယောက်ကတော့ နှာခေါင်းနဲ့ပါးကို ဘေးတိုက် ကျည်ဖောက်ထွက်သွားပါတယ်။ ဆိုင်ကယ်စီးလာပြီး ပစ်ခတ်တဲ့ နှစ်ယောက်က ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆက်လက်ပစ်ခတ်ရာမှာ ကျန်ရှိတဲ့ အခြားရဲတယောက်နဲ့ လဝက တယောက်ရယ် စရဖအဖွဲ့က မောင်နိုင်ဆိုသူရယ် အားလုံးထွက်ပြေးသွားကြပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

တစ်ချိန်တည်းမှာပင် စစ်ကောင်စီ၏ ဆဒုံးဗျူဟာကုန်းကို ဒရုန်းနဲ့ ဗုံးကြဲချရာ စက်လက်သေနတ်အများအပြား ရဲ ၁ ဦးနှင့်စစ်သား ၄ ဦး ထိခိုက်သေဆုံးကြောင်း ၊ ယင်းနောက် စစ်တပ်က ဒေသပြည်သူ ရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ဘီးလင်းတွင် ရဲတပ်သား ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *