ရှမ်းမြောက်တွင် ၉ ရက်တာ စခန်းပေါင်း ၁၀၆ ခုသိမ်းပိုက်(ရုပ်သံ)

ရှမ်းမြောက်တွင် ၉ ရက်တာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်တပ်စခန်းပေါင်း ၁၀၆ ခု တိုက်ခိုက်သိမ်းပိုက်ရရှိ၊ ထီးချိုင့်နှင့်ကောလင်းတွင် AA စစ်ကြောင်းများ ရောက်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေ

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၉ ရက်တာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်တပ်စခန်းပေါင်း ၁၀၆ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကိုးကန့် MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၀၉ မိနစ်တွင် MNDAA က စစ်ကောင်စီတပ်၏ ကိုးကန့်တုန်ရှမ်းဒေသရှိ တပ်စခန်း၃ခုကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၂ ခု၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း ၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်း နှင့် မိုင်းယန်း ပြည်သူ့စစ် စခန်း ၂ ခုတို့ကို တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တို့ကိုတအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်သော ရက္ခိုင့်တပ်တော် (AA) က ညီနောင်မဟာမိတ်များနှင့် မဟာ မိတ် နယ်မြေများ၌ ဟန်ချက်ညီပူးပေါင်း စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိကြောင်း၊ အထူးသဖြင့် ရက္ခိုင့်တပ်တော် လှုပ်ရှားစစ် ကြောင်းများရှိရာနေရာများထဲမှ စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်းမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *