အဘသားတွေအဘကိုအရာက်ပို့နေကြတာ

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်

Nov 4,2023/Kachin News Group

အာဏာသိမ်းစစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး လိုင်ဇာနယ်စပ် တရုတ်ဘက်ခြမ်းဘက် နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း လိုင်ဇာဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီခွဲကစပြီး စစ်တပ်ဘက်မှ လိုင်ဇာမြို့ဘက်ကို ဦးတည်ပြီးလက်နက် ကြီးဆက်တိုက်ပစ်ခတ်နေရာကနေ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

“တရုတ်ဘက်ခြမ်း ၄ ခုသွားကျပေါက်ကွဲတယ်။ အိမ်တစ်အိမ်ကို ထိပြီး ၂ ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တယ်။ တစ်ဦးက အပြင်မှာရှိနေချိန် နေရာမှာတင်သေသွားတယ်”လို့ ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *