ခမရ(၃၂၄)ကောင်းမှု ကားကြီး၄စီး သိမ်းဆည်း(ရုပ်သံ)

နမ့်ခမ်းနှင့် နမ္မတူမြို့နယ်ရှိ စစ်တပ် စခန်း ၂ ခုနှင့် စစ်ကူလာသော စစ်ကား ၄ စီးကို TNLA က တိုက်ခိုက်မှု စစ်ကား ၄ စီးနှင့် လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ၊ မန်ဝင်တပ်စခန်း၊ နမ္မတူမြို့နယ်ရှိ ပန်သပြေကျေးရွာ စစ်ကောင်စီတပ်စခန်းတို့ကို တအာင်းတပ်မတော်က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကူလာသော စစ်ကား ၄ စီးကိုလည်း ကြားဖြတ်တိုက် ခိုက်ကာ စစ်ကား ၄ စီးနှင့် လက်နက်များ ပါ ရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီအချိန် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ အုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် လားရှိုးနှင့် သိန္နီအကြား ၁၄ မိုင် နှင့် ၁၅မိုင် အကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား ၄ စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၅ နာရီ အချိန် တအာင်းတပ်မတော် PSLF/TNLA က ကြားဖြတ်တိုက်ခဲ့ကြောင်း၊ လက်နက် ၂လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား (၄)စီး သိမ်းဆည်းရခဲ့မိကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီအချိန် နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်၏ စစ်ကား နှင့် လက်နက်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *