ဘဘကတော့ လက်ရုံးသားသားတွေကိုပါထိုးကျွေးနေပီး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နှင့်စခန်းများ ဆက်တိုက်ဆုံးရှုံးနေသည့် အတွက် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်း အရေးပေါ် အခြေ အနေ သတ်မှတ်၊ လက်ရုံးတပ်များမှ အရာရှိနှင့်စစ်သည်များ ရှေ့တန်း မဖြစ်မနေ ထွက်ရမည်

■ တပ်မတော်ဆေးတက္ကသိုလ် မဟာသိပ္ပံသင်တန်းများနှင့် ဝင်ခွင့်စာမေးပွဲများ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အရေးပေါ် ရွှေ့ဆိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နှင့်စခန်းများ ဆက်တိုက်ဆုံးရှုံးနေသည့် အတွက် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်း အရေးပေါ် အခြေ အနေ သတ်မှတ်လိုက်ပြီး လက်ရုံးတပ်များမှ အရာရှိနှင့်စစ်သည်များ ရှေ့တန်း မဖြစ်မနေ ထွက်ရမည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ပြီး မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ မြို့များ၊ စစ်တပ်စခန်းများကို ဆက်တိုက်သိမ်းယူနေရာ ယင်းကဲ့သို့ နယ်နမိတ်များ ဆုံးရှုံးနေခြင်း၊ စစ်တပ် တပ်ရင်းအလိုက် ရှေ့တန်းတွင် သေဆုံးနေခြင်း၊ ထွက်ပြေးမှုများနှင့် လက်နက်ချ အညံ့ခံမှုများ များပြားလာခြင်းတို့ကြောင့် မင်းအောင်လှိုင်၏ အမိန့်အရ စစ်တပ်အတွင်း အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ကြောင်း၊ ထို့ပြင် လက်ရုံးတပ်များပါ ရှေ့တန်းစစ်မျက်နှာပြင် မဖြစ်မနေ သွားရောက် တိုက်ခိုက်ရန် ဆိုသော ညွှန်ကြားချက်များပါ ထွက်ရှိလာကြောင်း သိရှိရသည်။

“အရင်လက်ရုံးတပ်တွေက အလှည့်ကျစနစ်နဲ့ ရှေ့တန်းသွားရတာ။ အခုကတော့ လက်ရုံးတပ်တွေပါ အားလုံး ရှေ့တန်းထွက်ဖို့ အသင့်ပြင်ခိုင်းတယ်။ DSA မှာ တာဝန်ထမ်းဆောင်တဲ့ ကျောင်းဆရာ ဗိုလ်ကြီးတွေကအစ ရှေ့တန်းထွက်ဖို့ အသင့်ပြင်ထားဖို့ ညွှန်ကြားမှုတွေ ထွက်ရှိလာပါတယ်။ လက်ရုံးတပ်မှာကတော့ အားလုံးပါဝင်ပါတယ်။ ဘယ်တပ်မှ မကျန်ပါဘူး။ ဘယ်တော့ ရှေ့တန်း ခေါ်မလဲ ထိုင်စောင့်ရမယ့်သဘောပဲ။ ညွှန်ကြားချက်ကတော့ ထွက်သွားပြီ” ဟု ပြင်ဦးလွင် စစ်တက္ကသိုလ်မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက တပ်မတော်ဆေးတက္ကသိုလ်၏ ဆေးပညာ မဟာသိပ္ပံ သင်တန်း အမှတ်စဥ် ၃၂ ဝင်ခွင့်စာမေးပွဲကို လာမည့် ၁၀ ရက်အတွင်း ကျင်းပရန် ရှိနေသည်ကို အရေးပေါ် အခြေအနေကြောင့် မကျင်းပတော့ဘဲ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ထိ အရေးပေါ် ရွှေ့ဆိုင်းကြောင်း၊ စစ်ဘက်ဆိုင်ရာ ဆေးတပ်ရင်းများ၊ စစ်ဆေးဆရာဝန်များလည်း ရှေ့တန်းတွင် သွားရောက် တာဝန်ထမ်းဆောင်ရန် အသင့်ပြင်ခိုင်းနေကြောင်း သိရှိရသည်။

“အခုတက်ရောက်နေတဲ့ ဆေးပညာ မဟာသိပ္ပံ(ပါရဂူ)-M.Med.Sc သင်တန်း သားတွေ နဲ့ ဆေးပညာပါရဂူမဟာသိပ္ပံ (အထူးပြု ပါရဂူ သင်တန်း သင်တန်း သားတွေပါ အတန်းတွေ သင်တန်းတွေ ဆိုင်းငံ့ထားလိုက်တယ်။ ရှေ့တန်းစစ်မြေပြင်တွင်တာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ကြဖို့နဲ့ ရှေ့တန်းတွေမှာလည်း စစ်ဆေးဗိုလ်ကြီးတွေအနေနဲ့ စစ်ဆင်ရေးတာဝန်တွေ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရဖို့ရှိတယ်။ အခုလည်း ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေရတယ်။ နိုင်ငံတော်နယ်နိမိတ် ဆုံးရှုံးမှုကြောင့် အရေးပေါ်ထုတ်ပြန်တာလို့ သိရတယ်” ဟု တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့လွန်သင်တန်း တက်ရောက်နေသည့် သ တင်း ရင်းမြစ် က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်ပိုင်းတွင် ၉ ရက်တာ ကာလအတွင်း မြို့ ၄ မြို့နှင့် စစ်တပ်စခန်း ၁၀၆ ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *