ပုပုတော့နေတိုင်းငိုနေလောက်ပီ သံရည်ကျို ၂စီးထပ်မံ ျက်စီး

ဒီးမော့ဆိုမြို့နယ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကူရန်ထွက်လာသည့် စစ်ယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကား ၂ စီးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအနီးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကူ ထွက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း DMO local PDF ပြန်ကြားရေး တာဝန်ခံ ခွန်းဖရန့်စစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် အစောပိုင်း ၁ နာရီ မှ ၃ နာရီအထိ ဖရူမြို့နယ်၊ အမှတ် ၁၄ တန်းမြှင့် လေ့ကျင့်ရေးစစ်သင်တန်းကျောင်းမှ လွိုင်ကော်မြို့ဘက်ကို ပြန်လည် ထွက်ခွာလာသည့် အစီးရေ ၃၀ ပါ စစ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီ ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။

“ဖရူဆိုတန်းမြင့်ကျောင်းကနေ လွိုင်ကော်ဘက် ပြန်တက်လာတဲ့ ကားတန်းပါ၊ ရှမ်းမြောက်ကို စစ်ကူ ပေးဖို့ ပြန်တက်လာတာလို့ သိရတယ်။ ကား ၂ စီးတော့ ထိ တယ်၊ သူတို့က ချက်ချင်းပြန်ဆွဲ သွားတာ၊ ညလဲ ဖြစ်နေတာရယ်၊ လမ်းမနဲ့လဲ ကပ် မရတာကြောင့် ကားကို မယူနိုင်ခဲ့တာ၊ အခုတော့ လွိုင်ကော် ရောက် နေပြီလို့ သိရတယ်၊ ” DMO local PDF ပြန်ကြားရေး တာဝန်ခံ ခွန်းဖရန့်စစ် က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ဖရူဆိုမြို့နယ်၊ အမှတ် ၁၄ တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို အခြေပြုကာ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ် နှင့် မယ်စဲ့မြို့နယ် တို့ဘက်သို့ ရိက္ခာစစ်ကူပို့ နေသည့် ယာဉ်တန်းဖြစ်ပြီး ယခုအခါ လွိုင်ကော်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Photo – ကရင်နီပြည်နယ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကား ၁ စီးအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *