ကြောက်လန့်ပီး ရှေ့ဆက်မတိုးရဲတော့ဘူး

ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင် စခန်းသိမ်းတိုက်ပွဲကို စစ်ကူလာသည့် ကား ၂ စီးအား မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်စဥ် စစ်ကူလာသည့် ကား ၂ စီးကို မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က စ၍ ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်နေစဥ် နံနက် ၈ နာရီ ၁၀ မိနစ်၌ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ စစ်သား အပြည့် တင်ဆောင်ထားသည့် သံပြားကာ ကား ၂ စီးဖြင့် စစ်ကူပေးရန် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

စစ်ကူလာသော စစ်ကား ၂ စီးကို မုံရွာမြို့၏ တောင်ဘက်အထွက် တိုးဂိတ် နေရာအရောက်၌ အလွယ်တကူ သွားလာ၍ မရစေရန် အတားအစီးများ ပြုလုပ်ထားရာ အ ကြမ်းဖက် စစ်သားများ ကြောက်လန့်ပြီး မိုင်းကွင်းနားမရောက်ခင် တရစပ် ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ် ဝင်ရောက်လာသည့် စစ်သားများကို ပဒေသာ မိုင်း ၃ လုံးတွဲ တစ်စုံ၊ ၄ လုံးတွဲ တစ်စုံ၊ ၅ လုံး တွဲ တစ်စုံတို့ဖြင့် မိုင်းပွိုင့် ၉ ဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချောင်းဦး မြပုလဲဆီဆိုင်ကို အဖွဲ့စုံစုပြီး စခန်းသိမ်း မစ်ရှင်လုပ်နေချိန်မှာ နမခကနေ အင်အားဖြည့်တဲ့ ကား ၂ စီးကို မိုင်းဆွဲကြတာပါ၊ အသေအပျောက်တော့ ရှိနိုင်ပါတယ်၊ သေသေချာချာ စောင့်ကြည့်ဖို့ ခက် ခဲ တာရော၊ အခုနောက်ပိုင်း ခွေးတွေက သေရင် အလောင်းကို အမြင်မခံတော့ဘူး၊ ဝှက်ထားကြတာ၊ အဲဒါကြောင့် ပြောရခက်တာပါ၊ အဲဒီကြားနှစ်စီးကတော့ ရှေ့ဆက်မတိုးနိုင်တော့ပဲ အနီးနားက မုံရွေးရွာ ကို လက်နက်ကြီးနဲ့ထုတာ နေအိမ် ၃ လုံးမီးလောင်သွားပါတယ်၊” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖြတ်တောက် တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့ ၊ YOUTH VIGOR REVLUTION FORCE ၊ ANYAR DEFENCE FORCE (ADF) ၊ People Defence Force နွေဦးလူငယ် ၊ Myanmar Islamic Commandos (MIC PDF) နှင့် BLACK HERO LOCAL PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *