မုံရွာ-ချောင်းဦးလမ်းပေါ်တွင် ရှယ်အုန်းအုန်းအုန်း

မုံရွာ-ချောင်းဦးလမ်းပေါ်တွင် စစ်ကားများကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က မုံရွာမြို့တော်ခန်းမမှ အင်အား ၃၀ ခန့်လိုက်ပါ လာသော အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မုံရွာ – ချောင်းဦးလမ်းမပေါ် လမ်းပိုင်းတနေရာ အ ရောက် ပဒေသာမိုင်း ၂ လုံး၊ ပွိုင့်မိုင်း ၄ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားမှာ ဘီး တာယာများ ပွင့်ထွက်သွားပြီး လမ်းဘေးထိုးရပ်သွားကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်ပျက်စီးတဲ့ကားတော့ မုံရွာဘက် ပြန်ဆွဲသွားတယ်ဗျ၊ စခတွေကတော့ ကားပျက်သွားတဲ့နေရာက နေ ရမ်းသမ်းပစ်ပြီး ဘက်စုံခြံထဲဝင်သွားတာ၊ အဲဒီစခတွေက စွမ်းရည်ထက်ဂိတ်က ထွက်လာကတည်း က သူတို့မထင်တဲ့ နေရာတွေကို စက်လက်နဲ့ ရမ်းသမ်းပစ်ခတ်လာတာဗျ၊” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ခွဲ ၁ နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ Royal Alliance-တော်ဝင်မဟာမိတ်တပ်ဖွဲ့ တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ စက်လက်အပါအဝင် လက်နက် ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတနေရာတွင် ဂျန်ပါတပ်ဆင်ထားသော ကား ၂ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဂန်ပါတပ်ဆင်ထားသော ကား ၂ စီးနှင့် စစ်ကားအကြီး ၂ စီးပါယာဉ်တန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်း တနေရာအရောက် ပဒေသာမိုင်း ၃ လုံး တစ်တွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားကို တည့် တည့်ထိမှန်ခဲ့ပြီး ကားစုတ်ပြတ်သတ်သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa တပ်ခွဲ ၃ Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့နှင့် One Way Revolution Force ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ စက်လက်၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ် သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရ သည်။

ဓာတ်ပုံ- ယမန်နှစ် ကရင်နီတွင် မိုင်းဆွဲခံရမှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီ၏ စစ်ကားတစ်စီး။(ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *