မတန်တာကိုဝင်လုတဲ့ ငပုရဲ့နေဝင်ချိန် ရောက်ပီး

၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နိုင်ငံလုံး အရှိန်မြင့် တက်သွားသော တော်လှန်စစ် နှင့် မရှုမလှ ရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန်

By Igor Blazevic

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလတွင် စစ်တပ်သည် သပိတ် မှောက်ဆန္ဒပြနေသူများ၊ ခုခံတွန်းလှန်သူများထက် ပိုမိုအင်အားကောင်းခဲ့သည်။ နိုင်ငံတွင်းရှိပြည်သူအများစုသည် အာဏာသိမ်းမှုကို လက်မခံကြဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဒေသအသီးသီးမှ ကြီးငယ်မရွေးလူပေါင်းစုံ ပါဝင်‌တိုက်ပွဲ၀င်ခဲ့ကြပါသည်။

သို့သော် စစ်အာဏာရှင်များသည် ပြည်သူများကို အကြမ်းဖက်နည်းလမ်းများဖြင့် ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့သည်။ စစ်တပ်တွင် တနိုင်ငံလုံးကို ချုပ်ကိုင်နိုင်သော အုပ်ချုပ်ရေးအာဏာနှင့် ငွေကြေးနှင့် စီးပွားရေး အရင်းအမြစ်များစွာကို သိမ်းယူဆုပ်ကိုင်ထားနိုင်ခဲ့သည်။

စစ်အာဏာရှင်များဘက်မှ မည်မျှပင် ကြိုးစားစေကာမူ ခိုင်မာသောစိတ်ဓာတ်ဖြင့် ရဲရင့်သောခုခံမှုများကို မရပ်တန့်နိုင်ခဲ့ပေ။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုဖြင့် ပြည်သူလူထုကို အမိန့်နာခံလာအောင် မခြိမ်းခြောက်နိုင်ခဲ့ပေ။ ယင်းအစား လူထုက ပိုမိုစိတ်ဓာတ်ခိုင်မာလာပြီး မိမိကိုယ်ကို ပိုမိုခုခံကာကွယ်လာနိုင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အခြေအနေသည် အပျက်သဘောကဲသော ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေဖြစ်လာသည်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှ ၂၀၂၃ ခုနှစ် နှစ်အစပိုင်းအထိ စစ်တပ်က တော်လှန်ရေးအင်အားစုများအပေါ်အနိုင်မယူနိုင်သလို တော်လှန်ရေးအင်အားစုများကလည်း စစ်အာဏာရှင်များကို မဖြုတ်ချနိုင်ခဲ့ပေ။ စစ်တပ်က ကျေးလက်နေ ပြည်သူအား ဒုက္ခကြီးစွာ ရောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရွာများကို ဖျက်ဆီးပြီး လူများကို အိုးအိမ်စွန့်ခွာခိုင်းစေခြင်းကြောင့် ဆိုးရွားသည့်အခြေအနေများ ဖြစ်လာခဲ့ရပါသည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဤအပျက်သဘောကဲသည့်အာဏာချိန်ခွင်လျှာသည် စတင်ပြောင်းလဲခဲ့ပြီး ယခုအခါ အာဏာဟန်ချက်ပြောင်းလဲမှုကြီးကို မြင်တွေ့နေရသည်။ Anthony Davis က သူ၏ဆောင်းပါးတွင် မကြာသေးမှီကပြောခဲ့သည့်အတိုင်း တစ်ဖက်က အခြား တစ်ဖက်ထက် ဖြည်းဖြည်းချင်း ပိုအား‌သာလာခဲ့ပြီး အရေးကြီးဆုံး အချက်မှာ နေပြည်တော်‌စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့များက အားသာလာနေခြင်းပင်ဖြစ်သည်။

စစ်ဆင်ရေး ၁၀၂၇ သည် အရှိန်အဟုန်ဖြင့် စစ်အရှိန်မြှင့်လာခဲ့ပြီး‌နောက် လပေါင်းများစွာကြာအောင် အားထုတ်မှု၏ ရလဒ်များ တဖြည်းဖြည်း ထင်ရှားစေခဲ့သည်။ နယ်မြေအများအပြားတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ ထိန်းချုပ်မှု အားနည်းလာကာ အဘက်ဘက်မှာပြိုကွဲ‌ကျဆင်းနေသည်ကို မီးမောင်းထိုးပြနိုင်ခဲ့ဖြစ်သည်။

စစ်ကောင်စီသည် အကျဘက်တွင် ရှိနေပြီး မင်းအောင်လှိုင်တွင် ထိရောက်သော မည်သည့်အစီအစဉ် ရှိမနေပါ။ ကောင်းမွန်သော ခေါင်းဆောင်မှုစွမ်းရည်နှင့် နည်းဗျူဟာတီထွင်ဖန်တီးမှုစွမ်းရည် အနည်းငယ်မျှပင် မရှိသော မင်းအောင်လှိုင်နှင့်စစ်‌ကောင်စီသည် နည်းဗျူဟာဟောင်းများကိုသာ ထပ်ခါတလဲလဲ အသုံးချလျက်ရှိသည်။

ယခုအချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်မှုကိုသာ မျက်ကန်းယုံကြည်‌နေကြသည်။ ကျန်ရှိသော ရင်းမြစ်များကို ကျောက်ခဲရေညစ်သလိုအသုံးပြုလျက် တတ်နိုင်သမျှ ပျက်စီးရေးကိုသာ ကြိုးစားနေပြီး ထိုနည်းဖြင့်အဆင်ပြေမည်ဟု မျှော်လင့်နေကြသည်။

မင်းအောင်လှိုင်၏အုပ်ချုပ်မှုသည် ဒဏ်ရာရနေသော ကျားနာတစ်ကောင်လိုဖြစ်နေသည်။ ပြင်းထန်စွာ ထိခိုက်မှုကြောင့် သွေးထွက်လွန်ကာ အားပျော့သွားသော်လည်း ထိခိုက်မှုများစွာဖြစ်စေရန်ခွန်အားနှင့် ချွန်ထက်သော ခြေသည်းများ ရှိနေသေးသည်။ ထိုကျားနာ မြန်မြန်‌ကျရှုံးမှသာ မြန်မာပြည်သူပြည်သားများ၏ ဆင်းရဲဒုက္ခများနှင့် တိုင်းပြည်ထိခိုက်ပျက်စီးမှုများ မြန်မြန်ရပ်တန့်မည်ဖြစ်သည်။

စစ်အာဏာရှင်များကို တွန်းလှန်နေသော တော်လှန်ရေးမဟာမိတ်များအတွက် လက်ရှိစိန်ခေါ်မှုမှာ မရှုံးအောင် ဘယ်လိုလုပ်ရမလဲ ဆိုသည့် မေးခွန်းမျိုးမဟုတ်တော့ပါ။ဘယ်လိုအောင်မြင်အောင်လုပ်မလဲ ဆိုသည့် မေးခွန်းအသစ်ပဲ ဖြစ်ပါသည်။ နိုင်ငံအနှံ့တွင် တော်လှန်ရေးအင်အားစုများသည် ကိုယ်တိုင်ခုခံကာကွယ်ရန်နှင့် အကြမ်းဖက်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်မှုများမှ အရပ်သားများအား ကာကွယ်ရန် အာရုံစိုက်နေရဆဲ ဖြစ်သည်။

သို့ရာတွင် အရေးကြီးဆုံးအလုပ်မှာ အဆင့်သစ်တစ်ခုကို တက်ရောက်နေပြီ ဖြစ်သည်။ တော်လှန်ရေးအင်အား စုများအတွက် အဓိကရည်မှန်းချက်မှာ ၎င်းတို့၏ကိုယ်ပိုင်တိုက်ပွဲများ သို့မဟုတ် ကမ်းပိန်းများကိုလုပ်ဆောင် ရန်သာ မဟုတ်‌တော့ပါ။ ယခုတာဝန်မှာ မတူညီသောအုပ်စုများကို ပေါင်းစပ်ညှိနှိုင်းသည့်နည်းဗျူဟာဖြင့် စုစည်းရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းကို ဒေသအဆင့်မှ အစပျိုးလုပ်ဆောင်ပါက ကောင်းမွန်မည်ဖြစ် သည်။

ထိုအလုပ်သည် စစ်‌ကောင်စီ၏အ‌ရေးပေါ်နည်းဗျူဟာများကို တုံ့ပြန်တိုက်ခိုက်ရန်သာ မဟုတ်ပါ။ တော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်ပြီး ပေါင်းစပ်ညှိနှိုင်းသည့်နည်းဗျူဟာဖြင့် လက်တွဲ၍ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များကို စည်းချက်ညီစွာ စုပေါင်းဖန်တီးရန် ဖြစ်ပါသည်။

နိုင်ငံတဝှမ်းရှိ ရှေ့တန်းစစ်မျက်နှာများတွင် စည်းလုံးညီညွတ်စွာညှိနှိုင်းမှု မရှိမဖြစ်ရှိကိုရှိရမည်ဖြစ်သည်။ သို့သော်လည်း လက်နက် ကိုင်တော်လှန်ရေးသည် အလုံးစုံအနိုင်ရရန်ဗျူဟာ၏ တစ်ခုတည်းသော အစိတ်အပိုင်း မဟုတ်ပေ။ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအ‌နေဖြင့် အရေးကြီးနယ်ပယ်များတွင် သိသိသာသာ အားနည်းနေသော စစ်‌ကောင်စီအပေါ် ဖိအားများ ဆက်လက်ထားရှိရန် လိုအပ်သည်။

ထိုနယ်ပယ်များတွင် ဖိအားကိုထိန်းထားရန်နှင့် အရှိန်အဟုန်ရရှိရန် အရေးကြီးသည်။ ၎င်းသည် ရှေ့ဆက်ရာလမ်းကြောင်း တိုးတက်မှုအတွက်လည်း အလွန်အရေးပါသည်။၎င်းတို့မှာ

– လက်နက်ကိုင်ခုခံမှုကို ဆက်လက်လုပ်ဆောင်ခြင်း – မတူညီသော ရှေ့တန်း တလျှောက်ရှိ စစ်တပ်၏အားနည်းချက်များနှင့် ထောက်ပံ့ရေးလမ်းကြောင်းများပေါ်တွင် တိုက်ခိုက်မှုများကို တလှိုင်းပြီးတလှိုင်း‌ ဖော်ဆောင်နိုင်ရန် ညှိနှိုင်းပါ။ ပြင်းထန်သော စိတ်ဓါတ်စစ်ဆင်ရေးများ၊ သတင်းကမ်းပိန်းများဖြင့် ဤတိုက်ပွဲများ၏အကျိုးသက်ရောက်မှုကို တိုးမြှင့်ပါ။

– နိုင်ငံရေးမဟာမိတ် – စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့၏ စည်းလုံးညီညွတ်ပြီး စိတ်ဓာတ်ခိုင်မာသော ပုံရိပ်ကို ဖော်ပြပါ။ ဤမဟာမိတ်အဖွဲ့သည် အောင်နိုင်သူအဖြစ် အားကောင်းပြီး အာဏာအကူးအပြောင်းကို ချောမွေ့စွာ စီမံခန့်ခွဲနိုင်သော စည်းလုံးသောအဖွဲ့အဖြစ် ပုံဖော်ပါ။

– လူထုပါဝင်မှု – လာမည့် ၆ – ၈ လအတွင်း လူထုခုခံမှုကို ပြသသည့်ပွဲကြီးများကို ပိုမိုပြုလုပ်ပါ။ ပြည်သူလူထု၏ ဆန္ဒအမှန်ကို ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းအားပြသရန် အရေးကြီးပါသည်။ အထူးသဖြင့် စစ်တပ်၏ ဖိနှိပ်ချုပ်ကိုင်မှု မပါဝင်သည့် မြန်မာနိုင်ငံအနာဂတ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိသော ပြင်ပအင်အားစုများအတွက် ဖြစ်သည်။ အလုံးစုံငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် စစ်တပ်အား ပြန်လည်အားကောင်းလာစေရန် ထိုပြင်ပအင်အားစုများက ကူညီခြင်းအား ရပ်တန့်ရန်အတွက် ထိုသို့လုပ်ဆောင်ရန်အရေးကြီးပါသည်။

– စစ်‌ကောင်စီ၏ ငွေကြေးရင်းမြစ်များကို ဖြတ်တောက်ခြင်း- စစ်ကောင်စီသည် ဘဏ္ဍာငွေ အလွန်နည်းလာသည်။ သေချာတိကျသောဒဏ်ခတ်ပိတ်ဆို့မှုများကို နောက်ထပ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အကောင်အထည်ဖော်ခြင်းသည် စစ်‌ကောင်စီအပေါ် ပြင်းထန်သော ဖိအားဖြစ်စေနိုင်သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် တော်လှန်ရေးအုပ်စုများသည် စစ်အာဏာရှင်၏ကျန်ရှိသော အဓိကကျသည့်စီးပွားရေးပိုင်ဆိုင်မှုများနှင့် ဝင်ငွေအရင်းအမြစ်များကို ဖြိုခွဲဖျက်ဆီးရန် နည်းလမ်းများ ရှာဖွေသင့်သည်။ (လျိုဝှက်နည်းလမ်း များ၊သွယ်ဝိုက်နည်းလမ်းများ၊ ဘွိုင်းကောက်ခြင်းများစသည်)

– တော်လှန်ရန်ပုံငွေ ရှာဖွေရေးများကို ထပ်မံစုစည်း‌ ဆောင်ရွက်ပါ – စစ်ပွဲနှင့် တော်လှန်ရေး‌ အောင်နိုင်ရန်အတွက် ငွေသည် မရှိမဖြစ် လိုအပ်ပါသည်။ ပြည်ပအလှူရှင်များသည် အရပ်ဘက်လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေး၊ မီဒီယာ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးနိုင်သော်လည်း တော်လှန်ရေး သို့မဟုတ် စစ်ရေးအောင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည်မဟုတ်ပါ။ ထိုကြောင့် ရန်ပုံငွေများသည် ပြည်တွင်းပြည်ပလူထုမှ ကိုယ်ထူကိုယ်ထငွေကြေးထောက်ပံ့ရမည်ဖြစ်သည်။

– သတင်းအချက်အလက်နှင့် စိတ်ဓာတ်စစ်ဆင်ရေးများ – စစ်အုပ်စုထောက်ခံသူများ၏ စိတ်ဓာတ်ကို အားနည်းသွားစေရန်အတွက် စိတ်ဓာတ်စစ်ဆင်ရေးများ (ဆိုက်ဝါးများ) ကို အ‌လေးထားရန်နှင့် လူထုကို သြဇာလွှမ်းမိုးရန် အလွန်အရေးကြီးလာသည်။

ဖော်ပြထားသော ချဉ်းကပ်မှုများအားလုံးကို ပေါင်းစပ်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများသည် မင်းအောင်လှိုင်၏စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာနိုင်သည်။ သို့ရာတွင် စစ်တပ်ကို အမှန်တကယ် အနိုင်ယူရန်အတွက် ၎င်းတို့အတွင်းစည်းအတွင်း ပြိုလဲရန်လိုပါသည်။ ၎င်းသည် ပိုမိုအောင်မြင်နိုင်‌ချေများလာသည်။ကောင်းစွာစီစဉ်ထားသော ပြင်းထန်သောဆိုက်ဝါးကမ်ပိန်း များသည် ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်နိုင်ပါသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့များက နမ့်ခမ်းမြို့နှင့် နမ့်ခမ်းရဲစခန်းကို နိုဝင်ဘာလ ၅ ရက်နေ့ သိမ်းပိုက်ထိန်းချုပ်ထားစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *