အဘက ဘာတာဝန်မှမယူဘူနော် အမြင်မှန်ရကြပါစေ

ရွှေကူခရိုင်ရှိ စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ CDM ဝင်ရောက်ရန် ရွှေကူ KPDF အသိပေး ထုတ်ပြန်

■ မိသားစုဝင်များပါ ခေါ်ဆောင်လာပါက စားဝတ်နေရေးနှင့် လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ပြီး လက်နက် ယူဆောင်လာပါက ဆုငွေ ချီးမြှင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၆

ကချင်ပြည်နယ်၊ ရွှေကူခရိုင်ရှိ စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ CDM ဝင်ရောက်ရန် ရွှေကူ KPDF က ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ရွှေကူခရိုင်၊ အမှတ် ၁၂ တပ်ရင်းနှင့် ရွှေကူ KPDF နယ်မြေအတွင်းရှိ ပြည်သူ့ရင်ခွင် ခိုလှုံကြမည့် စစ်မှုထမ်း၊ ရဲဝန်ထမ်းများ ကို ရွှေကူKPDF အနေဖြင့် အထူးပင်လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ စစ်မှုထမ်း၊ ရဲဝန်ထမ်းများအနေဖြင့် ရွှေကူ KPDF ထံ CDM ဝင်ရောက်လာပါက တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ စားဝတ်နေရေးလုံခြုံရေး အဆင်ပြေစေရန် ရွှေကူ KPDF က ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခင်ဝင်ရောက်ခိုလှုံလာသော CDM များကိုလည်းစောင့်ရှောက် ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်လာသော စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် လက်နက်ပါယူဆောင်လာနိုင်ပါက အမျိုးအစား အလိုက် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရွှေကူခရိုင်၊ အမှတ် ၁၂ တပ်ရင်းနှင့် ရွှေကူKPDF နယ်မြေအတွင်းရှိ စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် CDM လှုပ်ရှားမှု တွင် အမြန်ဆုံး ပါဝင်ကြရန် နှင့် ရွှေကူKPDF အနေဖြင့် ပြည်သူ့သားကောင်း CDM ဝန်ထမ်းများ အပေါ်တွင် လူ့အခွင့်အရေး ပြည့်ဝစွာဖြင့် စောင့်ရှောက်ထောက်ပံ့ပေးနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *