AAလည်းအောင်ပွဲတွေဆင်နွှဲ(ရုပ်သံ)

စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ စခန်းထိုင်ထားတဲ့ ပန်လုံဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

++++++++++++++++

နိုဝင်ဘာ ၇ ရက်

၁၀၂၇ စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ စစ်ဆင်ရေးကာလအတွင်း သတ်မှတ်ထားတဲ့ ရန်သူ့ပစ်မှတ်များအား ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ စခန်းထိုင်ထားတဲ့ ပန်လုံဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) ရဲဘော်တွေက ဉီးဆောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့တယ်လို့ သိရပါတယ်။

ကာကင်းဗျူဟာစခန်း ၂ ခုနဲ့ ပင်မ ပန်လုံဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် (AA) ရဲဘော်တွေက ဉီးဆောင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်ခဲ့တဲ့ကြားက ပေးဆပ်မှုများစွာနဲ့ ပန်လုံဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *