တဖြေးဖြေးနီးလာပီး ဂုတ်ထိပ်ရှုခင်းသာလှုပ်ရှားမှု(ရုပ်/သံ)

နောင်ချိုမြို့နယ်အနီးထိ မဟာမိတ်တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာ (ရုပ်/သံ)

++++++++++++++++++

နိုဝင်ဘာ ၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးနယ်စပ် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်ရှုခင်းသာအထိ တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ စတင်ထိန်းချုပ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ နီးစပ်နေတဲ့ နောင်ချိုမြို့၊ ဂုတ်ထိပ်ရှုခင်းသာကို မဟာမိတ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေး သတိနဲ့ နေထိုင်ဖို့ တော်လှန်ရေး အင်အားစုတွေ က အသိပေးထားပါတယ်။

နောင်ချိုရဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားအနီးမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်း လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *