ချောဆွဲတာတို့ ပေါတာဆွဲတာတို့ကြားပဲကြားဖူးတာ ခုတော့လက်တွေ့ဖြစ်လာပြီး

သတ်မှတ်ချိန်အတွင်း အမည်စာရင်းလာမပေးရင် နေအိမ်အထိ တပ်သားစုဆောင်သွားမယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းပြော

Nov 7,2023/Kachin News Group

ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာမရှိရင် နေအိမ်အထိလာရောက်စုဆောင်းသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့စစ်လုပ်ဖို့ တပ်သားအသစ်စုဆောင်းမယ့်အကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပြီး နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်နေ့စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီတပ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေစတင်ပြီးတော့ လီဆူလူမျိုးတွေနေထိုင်တဲ့ ဒေသတစ်ခုပြီးတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ဦးရွှေမင်းက KNG ကိုအခုလို ပြောပါတယ်။

“အဓိကကတော့ ဝိုင်းမော်မှာစမယ် ဒါပေမဲ့ ဝိုင်းမှော်မှာလည်း ကျနော်တို့က အဓိကလီဆူတွေကိုပဲ ပြောတာ ဖြစ်တယ် အခြားသောညီနောင်တိုင်းရင်းဘယ်လူမျိုးကိုမှပြောတာမရှိဘူး။ ဒါပေမဲ့ ဝင်လာလို့ကတော့ ဘယ်တိုင်းရင်းသားမဆိုလက်ခံတယ်။ ကျနော်တို့လီဆူကိုအခြေခံပြီးလုပ် တာဖြစ်တယ်။ ဝိုင်းမော်ပြီးရင် ဥပမာ–မြစ်ကြီးနားတွေရှိမယ် ကျနော်တို့လီဆူတွေနေတဲ့နေရာ အများကြီးပဲ ပူတာအို၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်တို့ တော်တော်များပါတယ် တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားဖို့ဖြစ်တယ်”

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *