ဒီပဲယင်းမြို့ရှိ ရဲစခန်းကင်းဂိတ်နဲ့ ဝန်ထမ်းအိမ်ရာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဒဏ်ရာရ(ရုပ်/သံ)
++++++++++++++++++++
နိုဝင်ဘာ ၇ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြို့မရဲစခန်း ကင်းဂိတ်နဲ့ ဝန်ထမ်းအိမ်ရာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ် ရင်း ၂၀ မှ သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့မရဲစခန်း နောက်ဘက်ရှိ ကင်းဂိတ်ကို ဗုံးသီး ၁ လုံး၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးတွေ စုဝေးနေထိုင်တဲ့ ဝန်ထမ်းအိမ်ယာကို ဗုံးသီး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ – ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။