အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်

စစ်ကိုင်းရှိ မာလဲတောရွာမှ စစ်ကောင်စီ တပ်သားများ ရိက္ခာဝယ်ရန် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ တောင်သာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာမှ စစ်ကောင်စီ တပ်သားများ ရိက္ခာဝယ်ရန် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်သားများ နှင့် ပျူစောထီးများသည် ရိက္ခာဝယ်ရန် စခန်းတွင်းမှ ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မာလဲတော လမ်းခွဲကြားဖြစ်တာ။ တိုက်ပွဲ မဖြစ်ဘူး။ သူတို့ဘက်က အလောင်းတွေ ကောက်ပြီး ရမ်းသမ်းပစ်ခတ်ပြီး ပြန်ဆုတ်သွားပါတယ်” ဟု Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မာလဲတောပျူစောထီးစခန်းမှ ကားဖြင့် စစ်ကူရောက်ရှိလာပြီး စစ်သား အလောင်းနှင့် ပျူစောထီး အလောင်းများကို ဆွဲယူကာ မာလဲတော ပျူစောထီးစခန်းကို ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix-Sagaing ၊ MMU (PDF) ၊ အညာသားလေး (SGG)၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force ၊ Fight For Federal ၊ စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် နယ်မြေခံ (ပ.က.ဖ)များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၆ နာရီခန့်တွင် တောင်သာမြို့နယ်၊ မင်္ဂလာဦးဂိတ်၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားနှင့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ဘန်ကာအနီး ၁ လုံးနှင့် စစ်ဆေးနေ လုပ်ဆောင်နေသော နေရာ အနီးတို့ကို ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တောင်သာ၊ မြင်းခြံတပ်ရင်း ၃ တပ်ခွဲ ၂ နှင့် တောင်သာမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *