ဘဘရဲ့ပို့ကုန်တွေ ထပ်တိုးပို့နေပြန်ပီး(ပို့သမျှကုန်ပါစေ)

ရှမ်းမြောက်ဘက်သို့ စစ်ကောင်စီက စစ်အင်အားများ တိုးချဲ့နေပြီး သာစည်၊ ကလောနှင့်သရက်ဘက်မှ တပ်တချို့ကို စစ်ကူအဖြစ် စေလွှတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကောင်စီက စစ်အင်အားများ တိုးချဲ့နေပြီး သာစည်၊ ကလောနှင့် သရက်မြို့များဘက်မှ တပ်တချို့ကို စစ်ကူအဖြစ် စေလွှတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်းတွင် သာစည်ဘက်မှ စစ်ကား အစီး ၂၀ ခန့်သည် လူအင်အား၊ လက်နက်အင်အားအပြည့်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်သို့ တက်ရန် ထွက်ခွာသွားကြောင်း သိရှိရသည်။ ထို့ပြင် ကလောမြို့နယ်ဘက်မှလည်း စစ်ကားများ ယမန်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထွက်ခွာမှုများရှိနေကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခွဲအချိန် မကွေးတိုင်း၊ သရက်မြို့နယ် ၊အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၁၂) မှ စစ်ကား ၇ စီးသည် ဇက်ဖြင့် ဧရာ၀တီမြစ်ကို ဖြတ်ကူးကာ အောင်လံဘက်သို့ ကူးလာကြောင်း၊ အောင်လံဘက်မှ တစ်ဆင့် ရှမ်းမြောက်ဘက်သို့ စစ်ကူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“သရက်မြို့ကနေ အထက်မင်းလှဘက်ကနေမသွားရဲလို့ အောင်လံဘက်ကို ဇက်နဲ့ကူးပြီး စစ်ကူတွေ လွှတ်တာ” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။(ပိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ပြန်လည် တိုက်ခိုက်ရန် နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်များ ချမှတ်ပြီးနောက် စစ်ကူများကို အလုံးအရင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ စေလွှတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သရက်မြို့နယ်၊ ကပစ ၁၂ မှ စစ်ကူကား ၇ စီးသည် ဇက်ဖြင့် အောင်လံဘက်ခြမ်းသို့ ကူး၍ ရှမ်းပြည်နယ်ဘက်သို့ စစ်ကူစေလွှတ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *