သံယောဇဉ်စခန်းအား အမြစ်ဖြတ်(ရုပ်သံ)

ဟုမ္မလင်းမြို့နယ်၊ သံယောဇဉ် စစ်တပ်စခန်းကုန်း အပါအဝင် စစ်စခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြိုု့နယ်၊ သံယောဇဉ် စစ်တပ်စခန်းကုန်း အပါအဝင် စစ်စခန်း ၃ ခုကို KIA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါ စခန်း ၃ ခုကို KIA က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး နံနက် ၈ နာရီအချိန်တွင် စခန်း ၃ ခုစလုံးကို သိမ်းပိုက်ရရှိကြောင်း၊ အဆိုပါ စခန်းများတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်း စခန်း ထိုင်ထားခြင်းဖြစ်ကြောင်း၊ လက်နက်အများအပြား သိမ်းဆည်းရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း သိရှိရသည်။

“ဖားကန့်မြို့နယ်၊ ဆယ်ဇင်း နဲ့ကပ်ရက် ဥရုချောင်း တစ်ဖက်ကမ်း ဟုမ္မလင်းမြို့နယ်၊ သံယောဇဉ်စစ်စခန်းကို သိမ်းတာ။ အဲဒီ စခန်း ကုန်းတွေက ဟုမ္မလင်း-ဆယ်ဇင်း ကားလမ်းပေါ်မှာရှိနေတာ။ သံယောဇဉ်စခန်းကုန်းနဲ့ ဆက်စပ်တဲ့ စခန်း ကုန်း ၂ ခု စုစုပေါင်း စခန်းကုန်း ၃ ခုကို တစ်ခါတည်း သိမ်းပိုက်တာပါ။ လက်နက်တွေ အများအပြားရရှိတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက စခန်းကုန်း ၃ ခုကို လက်လွှတ်လိုက်ရသည့်အတွက် ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တိုက်လေယာဉ်ဖြင့် သံဇေယာဉ် စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ လက်ရှိအချိန်အထိ KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *