ပဲခူး၊ မရိုးကျွန်းရွာကိုလာတဲ့ စခတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊

ပဲခူး၊ မရိုးကျွန်းရွာကိုလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊

စစ်သား ၃ဦးအပြင်းအထန် ဒဏ်ရာရရှိ

++++++++++++++++++++

နိုဝင်ဘာ၊ ၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မရိုးကျေးရွာနှင့် သရက်စမ်းကျေးရွာကြားမှာ မနေ့က အောက်တိုဘာ ၈ရက်နေ့ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်မှာ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ (၁) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းဟာ သစ်ပုတ်တာဝါတိုင်စခန်းမှ နယ်မြေရှင်းလင်းရေး လုပ်မယ်လို့ဆိုကာ မရိုးကျွန်းဘက်ကို ထွက်လာတဲ့ (၆၆) လက်အောက်ခံ စစ်ကြောင်းဖြစ်ပြီး အင်အား (၂၄) ဦးပါရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေမှ ပဒေသာမိုင်း (၄) လုံးဆွဲ၍ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ စစ်သား ၃ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြီး နောက် ကြောင်းပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။

“အခင်းဖြစ်ပြီး ပြန်ဆုတ်တော့ လမ်းမှာတွေတဲ့ ပြည်သူ ၄ ယောက်ကိုတော့ ဖမ်းခေါ်သွားတယ်၊ အခုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရတယ်” လို့ (၃၆၀၁PPDF) တပ်ရင်း ဆက်သွယ်ရေး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “မောင်း” ကိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် လက်နက်ကိုင် စကစတပ်ဖွဲ့ဝင်တွေ အားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အချိန်မှီ ပူးပေါင်းကာ ပြည်သူ့ထံ ခိုလှုံကြဖို့ကိုလည်း ၎င်းကတိုက်တွန်းပြောကြားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *