နယ်ထိန်းအငြိမ်းစား နေအိမ်ထိဝင် ဗျင်း(ရုပ်သံ)

စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

နိုဝင်ဘာ ၉ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်တောကျေးရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား လွမ်းမိုးနိုင် နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ လွမ်းမိုးနိုင်သည် လက်အားကျည်ထိမှန်ပြီး လွတ်မြောက်သွားကာ ၎င်း၏ တပည့်ဖြစ်သူ လက်နက်ကိုင် ရဲ ၃ ဦးမှာ နေရာ၌တင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော လွမ်းမိုးနိုင်သည် အရင်က နယ်ထိန်းအရာရှိ ၁ ဦးဖြစ်ပြီး လက်ရှိချိန်တွင် အငြိမ်းစားယူကာ သစ်ခိုးထုတ်ရောင်းခြင်း၊ မှုးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း တို့ လုပ်ကိုင်နေပြီး လွမ်းမိုးနိုင်သည် ရဲတပ်ရင်း ၁၆ မှ ရဲတပ်သား ၇ ဦးကိုငွေပေး၍ ၎င်း၏ တပည့်အဖြစ် ခိုင်းစေပြီး M16 သေနတ် ကိုင်ဆောင်ထားသူ ၁ ဦး ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်၊ အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)၊ တပ်စု(၂)ဖြစ်သော နယ်စီးမခြား စစ်ကိုင်းသား အဖွဲ့နှင့် တောတွင်း တွတ်ပီ အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *