ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်အနီးတွင် ခဝေးယာဥ်တန်းကိုဝင်အုန်း ကား ၂ စီးပျက်စီး

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်အနီးတွင် စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ကား ၂ စီးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၉

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်အနီးတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၂ စီးပျက်စီးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ခွန်းဖရန့်စစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၆ ရက် ည ၉ နာရီခွဲခန်မှ ၁၁ နာရီခန့်အထိ လွိုင်ကော်ဘက်မှ ဖရူဆိုမြို့နယ်ဘက်သို့ သွား ရောက်သည့် ယာဉ်အစီးရေ ၃၀ ပါအကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီတော်လှန်ရေး အင် အားစုပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ် ၂ စီးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပျက်စီးသွား သည့်ယာဉ် ၂ စီးကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ညတွင်းချင်း ဆွဲယူသယ်ဆောင်သွားကြောင်း သိရ သည်။

“လွိုင်ကော်ဘက်နေ ဖရူဆိုဘက်ကို သွားတဲ့ ကားတန်းကို တိုက်ခိုက်ခဲ့တာ၊ လမ်းမကြီးကိုက ကပ်လို့မရ ဘူး၊ သူတို့က တော်ပေါ်တွေမှာရော၊ လမ်းမကြီးတလျှောက်ရော ကင်းပုန်းတွေရှိတယ်၊ မနက်ပိုင်း ဒရုန်း နဲ့ကင်းထောက်ကြည့်တဲ့အချိန်မှာ ကားပျက်စီးတဲ့ အပိုင်းအစတွေ တွေ့တယ်၊ အိမ်စီးကားခေါင်းကာ စစ် ကားခေါင်းလားတော့ မသဲကွဲဘူး” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ခွန်းဖရန့်စစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းယာဉ်တန်းသည် ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ် ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ ကို လက်နက်ခဲယမ်း၊ ရိက္ခာများဖြည့်တင်းရန် ပို့ဆောင်နေသည့် ယာဉ်တန်းဖြစ်ကြောင်း သိရသည်။

photo – ကရင်နီပြည်နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကား ၁ စီးအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *