မုန့်ဟင်းခါး၆ပွဲကို အဝေးပစ်နဲ့ကစ်ခဲ့တဲ့BNRA ကို လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စကစတပ်သား ၆ ဦးသေဆုံးအောင် စနိုက်ပါနဲ့ပစ်နိုင်ခဲ့တဲ့ BNRA ကို လူထုကပန်းနဲ့ကြို (ရုပ်/သံ)

နိုဝင်ဘာလ ၁၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BNRA ရဲ့ ရတနာသိင်္ဃစစ်ကြောင်းက စနိုက်ပါနဲ့ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီပဲယင်းကနေ စိုင်ပြင်ကျေးရွာ တိုက်ပွဲဆီကို စစ်ကူလာရောက်ခဲ့တာဖြစ်ပြီး စိုင်ပြင်ကျေးရွာမှာ ၁ ည၊ ပျံကျကျေးရွာမှာ ၂ ညအိပ်ခဲ့ပြီး နောက်တနေ့ ပြန်အထွက်မှာ ယခုလိုပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲ့ဒီနောက် တိုက်ပွဲပြန်လာတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို စစ်ရှောင်ပြည်သူတွေက သပြေပန်း၊ တမာပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA နှင့် BNRA ရဲ့ ရတနာသိင်္ဃစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေက ပစ္စည်းတွေကို ဖျက်ဆီးနေတဲ့ ကျားဘီးလူးစစ်‌ကြောင်းနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ကျားဘီးလူးစစ်ကြောင်းက ၈ ဦးသေပြီး သေနတ် ၁ လက် ကျည်ဆံအချို့ သိမ်းဆည်းရခဲ့သေးတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *