ပျားရွာအနီး စခ ၁၀ကောင်ပျားတုတ်ခံရမြေဩဇာဖြစ်(ရုပ်သံ)

ပျားရွာအနီးတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံး(ရုပ်သံ)

နိုဝင်ဘာလ ၁၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ပျားရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းကို လာရောက်စီးနင်းသည့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း နွားထိုးကြီး PDF က ယနေ့ညနေ့ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၇ ရက်နေ့ မနက်ခြောက်နာရီခန့်တွင် အာဏာသိမ်းစစ်တပ်က ပျား‌ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းကို လာရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းက စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းပြီး ပျားရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး နနွင်းဘိုးတော်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည့်အပြင် ပျူစောထီးခေါင်းဆောင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း၊ လျော်ဖြူရွာအနီးတွင် စစ်ကူလာသည့်အာဏာသိမ်းစစ်ကောင်စီစစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်စွဲကျေးရွာကျောင်းထဲရှိ အာဏာသိမ်းစစ်တပ်ကို လက်နက်ကြီးများ နှင့် စနိုက်ပါများ အသုံးပြုပြီး ထပ်မံပစ်ခတ်ခဲ့ကာ စစ်သား နှင့် ပျူစောထီး ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်တပ်ရင်း (၄)နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၈)၊ မန်းလေးခရိုင်တပ်ရင်း (၃)၊ နွားထိုးကြီးမြိုနယ် ပကဖ

၊ နဂါးနီပြောက်ကျားတပ်ဖွဲ (မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ (မြင်းခြံ နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ (မြင်းခြံ) တိုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *