ပန်တိန်းစခန်းသိမ်းပွဲမှာလည်းအများကြီးရလိုက်ပြန်ပီ

ပန်တိန်းစခန်းသိမ်းပွဲမှ ရရှိလက်နက်ခဲယမ်းများကို NUG ထုတ်ပြန်

နိုဝင်ဘာလ ၁၀

ကရင်နီ(ကယား)ပြည်နယ်အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းကုန်း (၂) ခုအား ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား NUG က ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဖော်ပြလာသည်။

ပန်တိန်းရွာအနီးရှိ စစ်ကောင်စီတပ်စွဲထား‌သောနေရာကို ကရင်နီပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများခဲ့သည်ဟု သိရသည်။

“မယ်စဲ့မြို့နဲ့ ဖားဆောင်းမြို့ကြားက အရင်(၁၀၀၄)နယ်ခြားစောင့်တပ်စခန်း‌ဟောင်း ပန်တိန်းမှာတပ်စွဲ‌နေတဲ့ စစ်ကောင်စီတပ်တွေကို KNPP နဲ့ ကရင်နီတပ်ပေါင်းစုက ဝင်တိုက်တာ။ ဒရုန်းတွေ၊ မြေ ပြင်တွေကနေ ထိုးစစ်ဆင်တိုက်ခိုက်တာ စစ်ကောင်စီတပ်ဘက်က (၁၆)ဦးသေတယ်။ လက်နက်တွေရတယ်။”ဟု တော်လှန် ရေး ရဲဘော်တစ်ဦးက နိုဝင်ဘာလ(၇)ရက်က ဖြေကြားထားသည်။

၎င်းတပ်စခန်းကို ကလလတ၊ KA၊ KNDF၊ အမှတ် (၁၁၀၅) တပ်ရင်း ဘောလခဲ PDF၊ အမှတ် (၁၁၀၈) တပ်ရင်း ဖားဆောင်း PDF တပ်ပေါင်းစုတို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *