သောင်ရင်းသုခုမပွဲမှာ ကြယ် သီချင်းသီဆိုမယ့် ပိုင်ဖြိုးသု(ရုပ်သံ)

သောင်ရင်းသုခုမပွဲမှာ ကြယ် သီချင်းသီဆိုမယ့် ပိုင်ဖြိုးသု

နိုဝင်ဘာလ ၁၀

စစ်ကောင်စီရဲ့ အာဏာသိမ်းမှု‌ကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးလာရတဲ့ အနုပညာရှင်တွေရဲ့ ဂီတဖန်တီးမှုတွေကိုတွေ့မြင်ရမယ့် သောင်ရင်းသုခမ ဖျော်ဖြေပွဲမှာ ကြယ် သီချင်းကို သီဆိုမယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

သောင်ရင်းသုခုမ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၈ ရက်မှာ အွန်လိုင်းကနေတိုက်ရိုက်ဖျော်ဖြေတင်‌ဆက်ပေးမှာဖြစ်ပြီး သောင်ရင်းသုခုမမြန်မာမှုတေးဂီတအဖွဲ့ ၊ ပြည်သူ့မုဒြာအကအဖွဲ့တွေနဲ့ အတူ ပိုင်ဖြိုးသုလည်းပါဝင်မှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်အဆိုဝောာ်မဟုတ်ပေမယ့်လည်း တော်လှန်ရေးအတွက် တတ်နိုင်တဲ့ နေရာက ပါဝင်ခဲ့တာလို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“သုသုက Stage တွေပေါ်မှာဆိုရတာကြောက်တယ်။ Band နဲ့တီးပြီးဆိုရမှာဆိုတော့ ပိုပြီးစိတ်လှူပ်ရှားဝာာပေ့ါ” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ဒီပွဲမှာ နွေဦးတော်လှန်ရေးကာလအတွင်း လူသိများခဲ့တဲ့ ကမ္ဘာမကြေဘူး ၊ ကြယ် ၊ သွေးသစ္စာ ၊ အလိုမရှိ တေးသီချင်းတွေကိုလည်း ပြန်လည်ဆန်းသစ်တင်ဆက်ထားတာတွေပါမယ်လို့ သောင်ရင်းသုခုမက အသိပေးထားပါတယ်။

ဒီပွဲအတွက် လက်မှတ်တစ်စောင် သုံးသောင်း ကျပ်သတ်မှတ်ထားပြီး မြန်မာ ၊ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ ဩစတေးလျ နဲ့ အမေရိကန် နိုင်ငံတွေအတွက် သက်ဆိုင်ရာFund Raiser တွေဆီမှာ ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။

‌ဒီပွဲကရတဲ့ အကျိုးအမြတ်တွေကို အာဏာသိမ်းမှုကြောင့် ရှောင်တိမ်းလာရတဲ့ အနုပညာရှင်တွေကို ထောက်ပံ့တာနဲ့ မြေပြင်က‌လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *