မြင်းခြံခရိုင်အတွင်း ခဝေး၁၀ကောင်မြေဩဇာဖြစ်(ရုပ်သံ)

မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက်မှု ပျူစောထီးခေါင်းဆောင် ဒဏ်ရာရ စစ်သားနဲ့ ပျူစောထီး ၁၀ ဉီးခန့်သေဆုံး (ရုပ်/သံ)

+++++++++++++++++++++++++

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်ဒဏ်ရာရရှိသွားပြီး စစ်သား ၁၀ ဉီးခန့် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၇ ရက်က မြင်းခြံခရိုင် ပျားရွာအနီး နံနက် ၆ နာရီဝန်းကျင်ခန့်က မြင်းခြံခရိုင် အမှတ်-၄တပ်ရင်း စခန်းအထိုင်နေရာကို လာဝိုင်းတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားတွေဟာ စစ်ကူတောင်းကာ ပျားရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခဲ့ကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

ထို့နောက် စစ်ကူရောက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နနွင်းတော်ဘိုးရွာ အရောက်တွင် ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့ရာ ၂ ဉီးသေဆုံးပြီး ပျူစောထီးခေါင်းဆောင် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ စစ်ယာဉ် ၂ စီးကို မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း လျော်ဖြူရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၁၀ ဉီးခန့်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ လည်း အများအပြားရှိတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို Natogyi People Defence Force မြင်းခြံခရိုင်တပ်ရင်း (၄)နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း (၈)၊ မန်းလေးခရိုင်တပ်ရင်း (၃)၊ နွားထိုးကြီးမြိုနယ် ပကဖ

၊ နဂါးနီပြောက်ကျားတပ်ဖွဲ (မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ (မြင်းခြံ)၊ဗိုလ်စားပြောက် ကျားတပ်ဖွဲ (မြင်းခြံ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *