ကန့်ဘလူမြေဩဇာနှင့်ဒတ်ဒတ်ဒတ်အမြောက်အများရရှိ

ကန့်ဘလူ မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက်အများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင်ခန့် သေဆုံးပြီး လက်နက် အ​မြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ၁၀၀ ဝန်းကျင်ခန့်သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စစ်ခွေး အကောင် ၁၀၀ ဝန်းကျင်သေတယ်ဗျို့။ ကြားဖြတ်တိုက်ခိုက်တာပါ။ အပြန်အလှန်တိုက်ပွဲဖြစ်တာ ၄ နာရီကျော်ကြာတယ် ပြောရမယ်။ သူတို့ စစ်ကြောင်းက ၃၀၀ ဝန်းကျင်ပါ။ ကောလင်းမြို့သိမ်းခံရတော့ ဝါသဝ က သူ့ပျူစောထီးစစ်ကြောင်းကို အင်အားပြတာလေ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှ စ၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်မှ တိုက်ပွဲ ရပ်သွားခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်တပ်ဘက်မှာ သေဆုံးသူများအပြင် ထွက်ပြေးသွားသူများလည်း အများအပြားရှိကြောင်း Infinity Group မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *