ရေစကြိုမြို့ စခ၇ ဦးထက်မနည်း မြေဩဇာဖြစ်

ရေစကြိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထးသော ရဲစခန်း၊ ပန်းခြံနှင့် ခြေလျင် တပ်ရင်း ၃ ခု ကို တစ်ပြိုင်တည်းဝင်ရောက် တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးထက်မနည်းသေဆုံး

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မြို့ မ ရဲစခန်း၊ နံ့သာဟေဝန် ပန်းခြံနှင့် ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်း ၃ ခုကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲခန့်မှ စတင်ပြီး ရေစကြိုမြို့၊နံ့သာဟေဝန် ပန်းခြံအ တွင်း တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီခန့် ကြာ မြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မောင်းသူမဲ့ လေယာဉ် ငယ်များ ဖြင့် လည်း ဝေဟင်မှ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ တပ်စွဲနေရာ ယူထား ရာ ဘန်ကာများကို ဖျက်ဆီးနိုင်ခဲ့ပြီး စခန်း သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်တော့သဖြင့် နံနက် ၉ နာရီခန့်တွင် ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ခြေ လျင် စစ်ကူထွက်လာခဲ့သဖြင့် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ၄ နာရီခွဲ လောက်ကနေစပြီး ရေစကြိုမြို့ပေါ်မှာ ရှိတဲ့ ပန်းခြံရယ်၊ မြို့မရဲစခန်းရယ်၊ တပ် ၃ တပ် ရယ် နေရာအနှံ့အ ပြားမှာ တိုက်ခိုက်ခဲ့တာ၊ ရဲဘော်တွေကို မြို့ပေါ်နေရာ အနှံ့အ ပြားမှာ တပ်ဖြန့် ထားပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့၊ သေဆုံးမှုကတော့ ၇ ဦးသေတယ်၊ ၁၀ ဦးထက် မနည်း ဒဏ်ရာတယ်လို့ သတင်းရတာပေါ့၊ ဒီထက်ပိုနိုင်တယ်၊ သူတို့ဘက်က သတင်း တွေဖျောက်ထားတာရှိ တယ်၊ တိုက်ပွဲကြာချိန်ကတော့ ၄ နာရီကျော်လောက်အထိ ကြာခဲ့တာ၊ ကျနော်တို့ဘက်က ရဲ ဘော်တစ် ယောက်တော့ ဒဏ်ရာရတာရှိတယ်၊ ဒါပေမယ့် မစိုး ရိမ်ရပါဘူး” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ရေစကြိုမြို့မရဲစခန်းကို နံနက် ၅ နာရီခန့်က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခွဲခန့် အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ် သား အချို့ ထွက်ပြေး သွားကြောင်း၊ စစ်ကောင်စီတပ် သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ရဲစခန်းအနီးရှိ ဘန်ကာ အချို့ကို ဖျက် ဆီး နိုင်ခဲ့ကြောင်း၊ စခန်းအတွင်း ဝင်ရောက်သိမ်း ပိုက်ရန် ကြိုးစားခဲ့သော်လည်း ခဲယမ်းမလုံလောက်မှု ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရေစကြိမြို့အနီးပတ်ဝန်းကျင်ရှိ တပ်မ ၁၀၁ လက် အောက်ခံ ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်း ၃ ခုကို ၆၀ မမ လက်နက်ကြီး များ၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ၃ နာရီခန့်ကြာသည်အထိ ဗုံးပစ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းများအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်း ဖက်စစ် ကောင်စီ တပ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ် (ပကဖ) ၊ပခုက္ကူခရိုင် တပ်ရင်း ၉ ၊ နွေဦးစစ်သည် နှင့် YSO ရေလယ်ကျွန်းစစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *