ဖုန်းဖုန်းတပြည့် ၁၀၀ထက်မနည်းမြေဩဇာဖြစ် စမိုင်းလင်း

ကောလင်းကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၆၀ ပါ စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်ကို ၂ ကြိမ် ကြားဖြတ်တိုက်မှု စစ်သား ၁၀၀ ဦး ထက်မနည်း သေဆုံး

■ သေဆုံးသူအများစုမှာ ဝါသ၀ ဦးဆောင်သည့် ပျူစောထီး တပ်ဖွဲ့မှ ဖြစ်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ၁၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်လာသည့် အင်အား၂၆၀ ပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့က ၂ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အလောင်းများ ပြန့်ကြဲနေကြောင်း၊ ယနေ့နံနက်ပိုင်းတွင် စစ်တပ်က ကန့်ဘလူမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာနေကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ရက် နံနက် ၆နာရီခန့်မှ နံနက် ၁၁နာရီခန့်အထိ ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနောက်ဘက်၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ဦး‌ထက်မနည်း သေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၉လက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နိုဝင်ဘာလ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီခန့်အထိ ကန့်ဘလူမြို့နယ် ချပ်ကုန်းရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးခန့် ထပ်မံသေဆုံးခဲ့ပြီး ကျည်ဆန်ခဲယမ်းများ ထပ်မံ ‌သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲနေရာတွင် စစ်သားအလောင်းများ ပြန့်ကြဲနေပြီး တစ်လောင်းချင်း မသယ်နိုင်တော့သဖြင့် အစုလိုက်အပြုံလိုက် မီးသင်္ဂြိုလ်နေကြကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စကစတွေ၊ ဝါသဝတပည့် ပျူစောထီးတွေ သေတာ အစုလိုက်အပြုံလိုက်ပဲ။ သူတို့ အလောင်းတွေကို မီးရှို့တာ မနေ့တစ်နေ့လုံး မီးခိုးတွေအူနေတာ။ အဲ့တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက ကိုယ့်အသက်ကိုယ်နှမြောရင် ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပါ။ လက်နက်ချ အလင်းဝင်ပါ။ ရှေ့လျှောက် ဒီထက် ဆိုးလာဖို့ပဲရှိတယ်။ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို ပြန်လည် သိမ်းယူပြမည်ဟု ပျူစောထီးခေါင်းဆောင်ဝါသဝ ကြွေးကြော်ပြီးနောက် မကြာမီ ယခုဖြစ်ပွားခဲ့‌သောတိုက်ပွဲအတွင်း ဝါသဝဖွဲ့စည်းပေးထားသော အထူးကွန်မန်ဒို ပျူစောထီးများ အများအပြား သေဆုံးခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းမှ အင်အား တစ်ဝက် ပြုန်းတီးစေခဲ့သည့် အဆိုပါတိုက် ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် ၂ တပ် ရင်း၊ ကန့်ဘလူခရိုင် လှုပ်ရှားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ- ဝါသ၀ ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပျူစောထီးများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *