ဗန်းမောက်မြို့နယ်တွင် ဗိုလ် ၁ ဦး အပါအဝင် ၅ ဦးဂိန်

ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကာ လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်အထိ အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် ၄ တပ်ရင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဥ် အင်အား ၅၀ ခန့်ရှိ တပ်မ (၇၇) လက်အောက်ခံ ခမရ ၈ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၊ တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင်အမှတ် (၁) တပ်ရင်းနှင့် ဗန်းမောက်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ဗန်းမောက် ပ.က.ဖ) တို့က စစ်ကူပစ်ကူပေးခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ထံမှ MA-1 ၁ လက်၊ MA-2 ၁ လက်၊ MA-4 ၂ လက်၊ MA-5 ၂ လက်၊ 5.56 ကျည် ၆၂၆ တောင့်၊ ငါးကြင်းမြီးကျည် ၁၀ တောင့်၊ ၉ မမ ကျည် ၁၂ တောင့်၊ ၄၀ မမ ကျည် ၁၈ လုံး၊ MA ကျည်ဘောက် ၂၀ ခု၊ MA 2 ကျည်ဘောက် ၁ ခု၊ စကားပြောစက် ၆ လုံး၊ ကျည်ကာ ၃ ခု၊ ခါးပတ် ၅ ခု၊ ဘေးလွယ်အိတ် ၄ ခု၊ နာရီ ၂ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ အထိုင်ဖုန်း ၁ လုံး၊ ကီးပက်ဖုန်း ၁ လုံး၊ ပါဝါဘန့် ၁ လုံး ၊ ရေဘူး ၁ ဘူး၊ စစ်ဦးထုတ် ၁ လုံး၊ ကတ်သီး ၁ ခုတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *