ပုဇင်းကင် အပိုင်းအစများတွေ့ရှိ(အတည်ပြုလိုက်ပီ)

လေဟုန်ကို ဆန်

အဝေးဆုံးကို ပျံ

ကရင်နီကို ကျော်ကာဖြတ်လို့

ပွိုင့်ဖိုက်ကျည်မှန် 😂

ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ပစ်ချခဲ့မှုကြောင့် ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ပစ်ချခဲ့မှုကြောင့် ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည် တော်တိုင်း စစ်ဌာန တပ်ရင်းများက သိမ်းဆည်းရမိသည့် စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများမှာ-

(၁) လေထီး ၁ စုံ

(၂) ကယ်ဆယ်ရေး လေထိုးလှေငယ် ၁ စင်း

(၃) စကားပြောစက်ကြီး ၁ လုံး

(၄) လက်ကိုင်စကားပြောစက် ၁ ခု

(၅) လေယာဉ်မှူးထိုင်ခုံ ၁ ပိုင်း

(၆) အသက်ရှုအောက်ဆီဂျင်စက် ၁ စုံ

(၇) Helmet ၁ လုံး

(၈) ဆေးဝါးများ၊ ဓာတ်စာများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ချလိုက်သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးသည် အသက်အန္တရာယ်လွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်များနှင့် စစ်တပ်ဘက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက တိုက်လေယာဉ်သည် ကယားပြည်နယ်တွင် လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းမှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ လေယာဉ်မှူး တွဲဖက်လေယာဉ်မှူး ၂ ဦးလုံးနှင့် အဆက်အသွယ်ရရှိကြောင်း သတင်းအမှန်ကို ဗြောင်လိမ်၍ သတင်းထုတ်ပြန်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *